လွှတ်တော်အမေးအဖြေ လုပ်ရခက်

မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဓာတ်ပုံ မူပိုင် afp
Image caption ြန်မာနိုင်ငံက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး

နေပြည်တော်မှာကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဖက်ကတင်သွင်းတဲ့ အဆိုအတော် များများကို သက်ဆိုင်ရာ အစိုးရ ခေါင်းဆောင်တွေက အကြောင်းပြချက်တွေ အများအပြားနဲ့ ဖြေကြားပြီးတဲ့ နောက်ဥပဒေကြမ်း ဖြစ်လာအောင် ရှေ့မဆက်နိုင်ဘဲဖြစ်ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့တဲ့ စာပေယဉ်ကျေးမှုဆိုင်ရာအဖွဲ့များနဲ့ပတ်သက်ပြီးလက်ရှိဥပဒေတွေအရ မှတ်ပုံတင်ဆောင်ရွက်နိုင်နေကြောင်းပြည်ထဲရေးဝန်ကြီးဦးမောင်ဦးက ပြောပြီးတဲ့နောက် အဆိုတင်သွင်းသူဖက်က ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော် ဖက်မှာလည်းပညာရေး၊ ချင်းပြည်နယ်အတွင်း လမ်းပမ်းဆက်သွယ်ရေးနဲ့ပင်စင်စားဝန်ထမ်းတွေကို ပိုပြီး အကူညီပေးရေး ကိစ္စတွေနဲ့ပတ်သက်တဲ့အဆိုတွေကိုတင်သွင်းခဲ့ကြရာမှာ ပညာရေးဝန်ကြီးနဲ့ ပို့ဆောင်ရေးဝန်ကြီးတို့ကအကြောင်းပြချက်တွေနဲ့ ရှင်းလင်းဖြေသွားပြီးတဲ့နောက်မှာ အဆိုပြုသူဖက် ကရုပ်သိမ်းသွားတာရှိသလို၊ မဲခွဲဆုံးဖြတ်ဖို့တောင်းဆိုတဲ့အခါမှာလည်း အဆိုပြုသူဖက်ကမဲအပြတ် အသတ်နဲ့ရှုံးနိမ့်သွားခဲ့ကြပါတယ်။ အစိုးရဝန်ကြီးတွေဟာရှင်းလင်းတိုတောင်းတဲ့မေးခွန်းနဲ့အဆို တွေကို သတင်းအချက်အလက်အများကြီးနဲ့ရှည်ရှည်လျားလျား ရှင်းပြပြီးတဲ့နောက်အဆိုပြုသူဖက် ကနောက်ထပ် မေးခွန်းထုတ်ဖို့ အခက်အခဲတွေ့ကြရကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့ကဘီဘီစီကိုပြောပါတယ်။