မြန်မာ ဘင်္ဂလားဒေ့ရှ် အိန္ဒိယ နယ်စပ်မှာ နအဖ စစ်ပြင်

rakhaing ဓာတ်ပုံ မူပိုင် narinjara
Image caption ရခိုင်ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ရခိုင် လွတ်မြောက်ရေး တပ်မတော်

မြန်မာ ဘင်္ဂလားဒေ့ရှ် အိန္ဒိယ နယ်စပ်မှာ မြန်မာ စစ်တပ်က ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေ စလုပ်လာနေပါတယ်။

မြန်မာ စစ်တပ်က သူတို့ရဲ့ တပ်တွေကို နယ်စပ် တလျှောက်က ရွာတွေမှာ နေရာ ယူထားပြီး များမကြာမီ ထိုးစစ်ဆင်မှုတွေ လုပ်လာနိုင်တယ် လို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၂ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပလက်ဝမြို့နယ် ငွေလက်ဝမှာ တိုက်ပွဲတွ ဖြစ်ပွားခဲ့ရာမှာ နအဖဖက်က အကျအဆုံးတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အကျအဆုံးသတင်းနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

လွန်ခဲ့တဲ့ ၃ရက်ကလည်း အမ်းတပ်မက စစ်သား တရာကျော် ဘင်္ဂလားဒေ့ရှ်ဖက်ကို တက်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီဒေသမှာ အိန္ဒိယနဲ့ ဆက်သွယ်မဲ့ ကားလမ်းမကြီးကို မကြာခင် ဖေါက်လုပ်တော့မှာ ဖြစ်တာကြောင့် ဒေသတွင်း လှုပ်ရှားနေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို ချေမှုန်းလိုတဲ့ အတွက် မြန်မာ အစိုးရက အခုလို စစ်ဆင်မှုတွေ လုပ်လာတာ ဖြစ်မယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။