တပေါင်းလပြည့် မဟာလဝန်းနေ့

luna ဓာတ်ပုံ မူပိုင် Other
Image caption ၁၈ နှစ် အတွင်း လ နဲ့ ကမ္ဘာ အနီးဆုံးဖြစ်

ကနေ့ မတ်လ ၁၉ ရက်နေ့မှာ လ နဲ့ ကမ္ဘာ ဟာ အနီးဆုံး ရောက်နေတဲ့ အတွက် Super Moon Day မဟာလဝန်း နေ့ လို့ ခေါ်ပါတယ်။ ၁ဂ နှစ် အတွင်း မှာ ဒီတကြိမ် ဖြစ်ပေါ်လို့ နက္ခတ္တ ဗေဒ အရ ထူးခြားမှု တွေ ဖြစ်ပေါ် နိုင်တဲ့ အကြောင်း နက္ခတ္တ ဗေဒ ပညာရှင် စံဇာနည်ဘို က ဘီဘီစီ ကို ပြောပြပါတယ်။

အထူးသဖြင့် လ ရဲ့ ဆွဲငင်အား ကြောင့် ဒီရေ မြင့်တက်မှု ပိုများဖွယ်ရာ ရှိသလို၊ရေစီးကြောင်းလဲ ဆွဲငင်ကြောင်း၊ လူသားတွေမှာလဲ သွေးတိုးရောဂါရှင် ဆိုရင်၊ ပိုပြီးသွေးတိုး နိုင်တဲ့ အကြောင်း၊ ပထဝီ ဝင် အနေအထား အရ ရော၊ နိုင်ငံရေး အရပါ မိုးလေဝသ ပါ၊ ပြောင်းလဲမှု ရှိနိုင်တဲ့ အကြောင်း၊ ဆရာ စံဇာနည်ဘို က ရှင်းပြပါတယ်။

မြန်မာဗေဒင် ကိန်းခန်း အရလဲ နေအုပ်စု နဲ့ လ အုပ်စု ရှိတဲ့ အနက်၊ လ အုပ်စုဝင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး နဲ့ သောကြာ မွေးနံရှင်တွေဟာ စိတ်အနေအထား၊ အပြောင်းအလဲ တွေ ရှိနိုင်ပုံ ကို ဆရာစံဇာနည်ဘို က ပြောပြပါတယ်။