မြန်မာအပေါ်ချမှတ်တဲ့ ပိတ်ဆို့မှု ရုပ်ရေး

sanction ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု ရုပ်ရေး

မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု တွေကို ရုပ်သိမ်းပေးဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီ ဆယ်ခု က ကိုယ်စားလှယ်တွေ နဲ့ အမေရိကန် ယာယီသံရုံး တာဝန်ခံ တို့ အမေရိကန် သံမှူးနေအိမ်မှာ တွေ့ဆုံ ဆွေးနွေး ကြပါတယ်။

ဒီအခါမှာ အမေရိကန် ယာယီသံရုံး တာဝန်ခံက အမေရိကန် အစိုးရ ရဲ့မူဝါဒ ကို ရှင်းပြရာမှာ မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အရ စိတ်ပြောင်းအောင် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊ ပိတ်ဆို့ အရေးယူမှု ရဲ့ ထိရောက်မှု၊ မထိရောက်မှု အပေါ် မူမတည်ကြောင်း ရှင်းပြတာကို ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ ဉက္ကဌ ဦးသုဝေက ဘီဘီစီ ကို ပြောပြပါတယ်။

အမေရိကန် အစိုးရ အနေနဲ့ မြန်မာ့ အရေး အပေါ်မှာ ခိုင်ခိုင်မာမာ သုံးသပ်ပြီး မှ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် ခဲ့လို့ ချက်ချင်း ရုပ်သိမ်း ဖို့လဲ မဖြစ်နိုင်ပုံ ကို ပါတီ ဆယ်ခု က ကိုယ်စားလှယ် တွေ ကို ရှင်းပြပါတယ်။

အဓိက အချက်အနေနဲ့ အခု ရွေးကောက်ပွဲ နဲ့ တက်လာတဲ့ အစိုးရသစ်ရဲ့ လုပ်နည်းလုပ်ဟန် ကိုလဲ စောင့်ကြည့်ပြီးမှ ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစား ပေးနိုင်မဲ့ အကြောင်း အမေရိကန် ယာယီသံရုံး တာဝန်ခံ ရှင်းပြ တာကိုလဲ ဦးသုဝေ က ပြောပြပါတယ်။