Brighton မြို့က ဒေါ်စု ကို ဂုဏ်ထူးဆောင် မြို့သူ အဖြစ် ချီးမြှင့်

Brighton ဓာတ်ပုံ မူပိုင် BCUK
Image caption ဒေါ်အောင်ဆန်းစုကြည် ကို Brighton မြို့ က ဂုဏ်ပြု

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်ကို ဗြိတိန် နိုင်ငံ၊ Brighton & Hove မြို့က Freedom of the City ဆိုတဲ့ အဲဒီက ဒေသခံ မဟုတ်တဲ့ သူတွေ ရဖို့ ခက်ခဲတဲ့ ဂုဏ်ထူးဆောင်ဆု တဆု ကို ချီးမြှင့် ခဲ့ပါတယ်။

ကြာသပတေးနေ့ က ကျင်းပခဲ့တဲ့ ဆုရွေး ချယ်ပွဲ နဲ့ ဆုချီးမြှင့်ပွဲမှာ ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုလက်ခံ ရယူ ခဲ့တဲ့ Burma Campaign UK ရဲ့ အမှုဆောင် ဒါရိုက်တာ Anna Roberts က မြန်မာနိုင်ငံမှာ ဒီမို ကရေစီရေး၊ လူ့အခွင့်အရေးတွေ ခံစား ရရှိ နိုင်ဖို့ ရုန်းကန် ဆောင်ရွက် နေတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ကြိုးပမ်းမှု တွေကို Brighton မြို့ က လေးစား ထောက်ခံ တဲ့အတွက် ဒီ ဂုဏ်ထူးဆောင်ဆု ကို ချီးမြှင့် ကြတာ လို့ ပြောပါတယ်။

ဆုရွေးချယ် ပုံကတော့ ဒေသခံ မြို့ကောင်စီ လူကြီးတွေက ဒီ Freedom of the City ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေး၊ မပေး မဲခွဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပြီး ကောင်စီလူကြီး တိုင်း က ထောက်ခံ မဲ ထည့်ခဲ့ကြပါတယ်။

Brighton မြို့က လမ်းတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ချိတ်ဆွဲ ထားတာ တွေ့ရပြီး ခုဆို Brighton မြို့ မှာ ဒေါ်အောင်ဆန်း စုကြည် ကို မသိတဲ့သူ မရှိ တော့ ပါဘူး လို့ Ms Anna Roberts က ပြောပြ ပါတယ်။

ဂုဏ်ထူးဆောင်ဆု ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုလက်ခံရယူ ရတဲ့အတွက် ကျွန်မ အင်မတန် ဂုဏ်ယူပါတယ်၊ သူ့ကိုယ်စား ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့ ပါတယ်၊ ကျွန်မ အနေနဲ့ အခွင့်အရေး ရတုန်းမှာ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ရရှိဖို့အတွက် Brighton မြို့သူ မြို့သား တွေ အနေနဲ့ ဆက်ပြီးလည်း ထောက်ခံ အားပေးကြဖို့ ကျွန်မ တောင်းဆို ခဲ့ပါ တယ် လို့ လည်း Burma Campaign UK က အမှုဆောင် ဒါရိုက်တာ Anna Roberts က ဘီဘီစီ ကို ပြော ပါတယ်။