ဂျိုးဇက်ယွန်း ခရီးစဉ် ပြီးဆုံး

Suu Kyi Yoon ဓာတ်ပုံ မူပိုင် AP
Image caption ကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်စုတွေ့

အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် ဒီကနေ့ ပြီးဆုံးသွားပါပြီ။

သူ့ရဲ့ သုံးရက်ကြာ ခရီးမှာ ယွန်းဟာ မြန်မာ နိုင်ငံထဲက အဓိက နိုင်ငံရေး အဖွဲ့ အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အမေရိကန် မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ အမေရိကန် အစိုးရက ဆန္ဒ ရှိတာကို ဂျိုးဇက်ယွန်းက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပြီး မြောက် ကိုရီးယားနဲ့ မြန်မာ စစ်ရေး ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ စိုးရိမ်မကင်း ဖြစ်မှုကိုလည်း အသိပေးခဲ့ပါတယ်။

တဘက်မှာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ မြန်မာ အစိုးရ အနေနဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှု၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမှုနဲ့ ဒီမိုကရေစီနဲ့ အညီ အုပ်ချုပ်မှုဆီ သွားနေတာကို လက်ဆုပ် လက်ကိုင် ပြနိုင်မှုတွေပေါ် မူတည်တယ်လို့ ဂျိုးဇက်ယွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျိုးဇက်ယွန်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအဝင် လွှတ်တော် ထဲက ပါတီတွေရဲ့ အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော် တက်နေတဲ့ အမတ်တွေ အနေနဲ့ လွှတ်တော်မှာ အတိုက်အခံ လုပ်နိုင်ခြင်း မရှိဘူးလို့ တစည အမတ် မန်းမောင်မောင်ဉာဏ်က ဂျိုးဇက်ယွန်းနဲ့ တွေ့စဉ်မှာ ပြောပြ ခဲ့ပါတယ်။