လူ့အခွင့်အရေး အကြံပေးချက် မြန်မာ ဖြေရှင်းဆွေးနွေး

UN Human Right Council ဓာတ်ပုံ မူပိုင် Reuters
Image caption လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့ အရေးဆွေးနွေး

ပြီးခဲ့တဲ့ ဇန္နဝါရီလတုန်းက လူ့အခွင့်အရေး ကောင်စီမှာ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး အကြံပေး ဆွေးနွေးခဲ့ကြတာနဲ့ပတ်သက်ပြီး မြန်မာ အစိုးရက ဘယ်အချက်တွေကို လက်ခံပြီး ဘယ်အချက်တွေကို လက်မခံ နိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ပြန်လည် တုန့်ပြန် ဆွေးနွေးခဲ့ ကြပါတယ်။

မြန်မာ အစိုးရဘက်က သဘောတူ လက်ခံတဲ့ အချက်တွေကတော့ နိုင်ငံတကာ စာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ လူ့အခွင့်အရေး ကော်မတီကို တိုးတက် ကောင်းမွန်အောင် လုပ်ဖို့၊ ဥပဒေတွေကို ပြန်လည် စီစစ် သုံးသပ်ဖို့ ဆိုတဲ့ အချက် တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ စာချုပ်တွေကို လက်မှတ် ရေးထိုးရေးဟာ နောက် အစိုးရသစ်ရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ စာချုပ်တွေကို လေးစားလိုက်နာရေးဟာလည်း အခြေခံဥပေဒနဲ့ ကိုက်ညီမှသာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ အခြေခံဥပေဒ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှု တချို့ကို အကာအကွယ် ပေးနေတယ်လို့ ထောက် ပြ ပြောဆိုပါတယ်။

ဥပမာ အားဖြင့် အရေးပေါ် အက်ဥပဒေ၊ မတရား အသင်း ဥပေဒ၊ ပုံနှိပ်ထုတ်ဝေရေး ဥပဒေတို့ကို အ ခြေခံ ဥပဒေက အကာအကွယ် ပေးထားတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်းသား နယ်မြေတွေအတွင်းမှာ စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စနဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကိစ္စတွေကိုတော့ အသိအမှတ်ပြု လက်ခံခြင်းမရှိပါဘူး။