နေပြည်တော်စျေးမှာ ဗုံးပေါက်ကွဲ

Image caption အရင် လကလည်း နေပြည်တော်အနီး ရထား တစီးပေါ်မှာ ဗုံးပေါက်လို့ လူ ၂ ဦး သေဆုံးခဲ့

နေပြည်တော်မှာ ရှိတဲ့ မြို့မစျေး အိမ်သာမှာ မနေ့ ည ၉ နာရီခွဲက ဗုံးပေါက်လို့ လူ ၃ ဦး ဒဏ်ရာရှိသွားပါတယ်။

ဒဏ်ရာရှိသူ ၃ ဦးကို နေပြည်တော် ဆေးရုံကို တင်ထားရပြီး၊ အဲဒီထဲက ၂ ဦး ကတော့ ခွဲစိတ် ဆောင်မှာ ဆေးကုသခံ နေကာ၊ ကျန်တဦး ကတော့ အရိုးဆောင်မှာ ကုသခံနေတယ်လို့ ဆေးရုံဝန်ထမ်းတဦးက ဘီဘီစီကို ပြောပါတယ်။

ဒီဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာကို တော့ မသိရသေးပါ။

ပြီးခဲ့တဲ့လကလည်း နေပြည်တော်အနီး ဆင်သေဘူတာမှာ ရထားတစီးပေါ် ဗုံးပေါက်ခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ ရပါသေးတယ်။