ကမ္ဘာကျော် စဝ်အုန်းညွန့်ပန်းချီ မြန်မာပြည်ပြန်ရောက်

ဘန်ကင်ဟန်နန်းတော်အနီးပန်းချီပြပွဲမှာ ပြသထားတဲ့ စဝ်အုန်းညွန့်ပန်းချီ ဓာတ်ပုံ မူပိုင် bbc burmese
Image caption ဘန်ကင်ဟန်နန်းတော်အနီး ပန်းချီပြပွဲမှာ ပြသထားတဲ့ စဝ်အုန်းညွန့်ပန်းချီ

ဗြိတိသျှ တော်ဝင်ပန်းချီကျော် Sir Gerald Kelly ရဲ့ကမ္ဘာကျော်ခဲ့တဲ့ ရှမ်းစော်ဘွား သမီးတော် စဝ်အုန်းညွန့် ပုံတွေထဲက အဝါရောင်နန်းတွင်း အဝတ်အစားနဲ့ ကိုယ်တစောင်း ထိုင်နေတဲ့ ပန်းချီကိုမြန်မာနိုင်ငံမှ လုပ်ငန်းရှင် ဦးသက်ပိုင်စိုးက ဗြိတိန်နိုင်ငံကနေ ဝယ်ယူခဲ့ပါတယ်။

ဒီပန်းချီကားပုံတူကို ငယ်စဉ်ကတည်းက စွဲလန်းနှစ်သက်ခဲ့ပြီး ပန်းချီအစစ်ကို မြင်တွေ့တဲ့အခါအလွန်သဘောကျလို့ အခုလိုဝယ်ယူစုဆောင်း တာလို့ သူ့ကိုပြောကြောင်း လောကနတ်ပန်းချီပြခန်းမှ ပန်းချီဆရာဖေညွန့်ဝေက ဘီဘီစီကိုပြောပြပါတယ်။

နောင်ကျရင်ပြတိုက်သဘောမျိုးဖွင့်ပြီး အခုလိုရှေးဟောင်းအနုပညာလက်ရာ တွေကို စုဆောင်းပြသဖို့အစီအစဉ် ရှိတယ်လို့လည်း ဦးသက်ပိုင်စိုးကပြောပါတယ်။

အခုအခါမြန်မာစီးပွားရေးသမားတွေပြည်ပကို အရောက်များလာပြီး နိုင်ငံခြားရောက် မြန်မာ့ယဉ်ကျေးမှုလက်ရာတွေကို တန်ဖိုးကြီးပေးဝယ်ယူစုဆောင်းနေကြပါတယ်။

ဒါဟာ ကိုယ့်တိုင်းပြည်ကို မြန်မာ့လက်ရာတွေပြန်ရောက်စေချင်တာမျိုးပါသလို နံမည်ကြီးပန်းချီကားတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ ကြာလေတန်ဖိုးတက်လေဖြစ်ကြောင်း ပိုင်ဆိုင်သူအတွက်လည်းဂုဏ်တက်စေကြောင်း ဆရာဖေညွန့်ဝေကဘီဘီစီကိုပြောပါတယ်။

သီပေါစော်ဘွား စဝ်အုံကြာနဲ့အတူလွန်ခဲ့တဲ့နှစ်ဂဝလောက်က အင်္ဂလန်ကိုရောက်စဉ် နှမဖြစ်သူရဲ့ နန်းဆန်ဆန် ယဉ်ကျေးသိမ်မွေ့မှုကို သဘောကျပြီး Sir Gerald Kelly ကပုံတူရေးဆွဲခဲ့ရာ Sao Ohn Nyun series တွေအထူး အောင်မြင်ကျော်ကြားလူကြိုက်များ လာတာဖြစ်ပါတယ်။