မူဆယ် ဗိုလ်တဲကုန်းမှာ ဗုံးပေါက်ကွဲ

ဓာတ်ပုံ မူပိုင် google
Image caption ဗိုလ်တဲကုန်း နေရာဟာ အာဏာပိုင် လူကြီးတွေ တည်းခိုတဲ့ နေရာဖြစ်ပါတယ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းနောင် ရပ်ကွက်မှာ ရှိတဲ့ အာဏာပိုင်လူကြီးတွေ တည်းခိုရာ နေရာ ဖြစ်တဲ့ ဗိုလ်တဲကုန်းမှာ မနေ့ည ၉ နာရီ ကျော်ကျော်လောက် မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေ မရှိသလို ပျက်စီးမှုလဲမရှိဘူးလို့သိရပါတယ်။

ဒေသခံအာဏာပိုင်တွေ စစ်ဆေးတွေ့ရှိတဲ့ ဗုံးအမျိုးအစားကတော့ အသေးစား လက်လုပ်ဗုံး အမျိုးအစားသာ ဖြစ်တယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ဒီလိုဗုံးပေါက်ကွဲမှုတွေဟာ ဒေသတွင်းမှာ နှစ်စဉ်လိုလို ဖြစ်ပွားတတ်ပေမဲ့ အခုပေါက်ကွဲမှု ဟာ ဒီနှစ်အတွက်တော့ ပထမဆုံး ပေါက်ကွဲမှု ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဒေသခံအများစုကတော့ တခြားလက်နက်ကိုင် အုပ်စုတွေရဲ့ လက်ချက်ဆိုပြီး ပြည်သူလူထုတွေ အထင်လွဲအောင် မြန်မာအစိုးရ စစ်တပ်ကပဲ တမင် လုပ်ကြံတဲ့ လုပ်ရပ်ပဲလို့ ယူဆ ပြောဆိုနေကြပါတယ်။

အဲဒီဒေသဘက်မှာ မြန်မာအစိုးရ စစ်တပ်ဟာ နယ်ခြားစောင့်တပ် အဖြစ် လက်မခံတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ရှမ်းပြည်တပ်မတော်တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။