NLD ခေါင်းဆောင်​တွေ​ကို အစိုးရ သတိပေး

u aung shwe
Image caption NLD ဥက္ကဌ ဦးအောင်ရွှေနဲ့ ဒေါ်စုကို အစိုးရ သတိပေးပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ ကို ပယ်ဖျက်ပြီး ဖြစ်ပေမယ့် အဖွဲ့ချုပ် အနေနဲ့ လိုက်နာခြင်း မရှိဘဲ နိုင်ငံရေး ပါတီတွေလို ကြေညာချက် ထုတ်တာ၊ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတာ တွေ ဆက်လုပ်နေလို့ ဒါတွေဟာ ဥပဒေကို တမင် ဆန့်ကျင် ဖေါက်ဖျက်တာ ဖြစ်လို့ ဒီလိုတွေ ဆက်လက် မဆောင်ရွက်ဖို့ အစိုးရက ထုတ်ပြန် ကြေညာပါတယ်။

လူမှုရေးကိစ္စများကို အသင်းအဖွဲ့အနေနဲ့ လုပ်ချင်ရင် ပြည်ထဲရေး ဝန်ကြီးဌာနကို လျှောက်ထားပါက ဥပဒေနဲ့ အညီ ဆောင်ရွက် ပေးမယ်လို့လည်း ဖေါ်ပြထား ပါတယ်။

NLD ပါတီကတော့ ဥပဒေအရဆိုရင် NLD ဟာ တရားဝင် နိုင်ငံရေးပါတီ ဖြစ်တဲ့အကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဆီ စာရေးသားပြီး ဗုဒ္ဓဟူးနေ့မှာ အကြောင်းကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မယ့် သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် လူတွေ လမ်းပေါ် ထွက်လာပြီး ထောက်ခံမှာကို အစိုးရအဖွဲ့ အနေနဲ့ စိုးရိမ်လို့ သတိပေးတာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ် တချို့က သုံးသပ်ကြ ပါတယ်။