ဦး​ရွှေ​မန်း လက်နက်​ဝယ်​ဖို့ သွား​တာ​လား

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားကို ရောက်နေပြီး ဦးရွှေမန်းဟာ စစ်ခေါင်းဆောင်ဘဝတုန်းက ရုရှားနိုင်ငံကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့အတူ လက်နက်ဝယ်ယူရေးအတွက် သွားရောက်ခဲ့ဖူးသူဖြစ်တဲ့အတွက် အခုခရီးစဉ်မှာ လက်နက်ဝယ်ယူရေးအစီအစဉ် ပါဝင်လေမလားလို့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒူးမားလွှတ်တော်ကို လေ့လာတာ မဖြစ်နိုင်

ရုရှားမှာ ပညာသင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကို အခုခရီးစဉ်ဟာ လွှတ်တော်ကို လေ့လာမယ့် ခရီးစဉ်သက်သက်ဖြစ်နိုင်သလား လို့ မေးကြည့်တော့ ရုရှားလွှတ်တော်ဟာ အောင်မြင်ထင်ရှားတဲ့ လွှတ်တော်တခု မဟုတ်တဲ့အတွက် ဒီအကြောင်းပြချက်ဟာ သိပ်အဓိပ္ပါယ်မရှိဘူးလို့ သုံးသပ်ပါတယ်။