အစိုးရ​နဲ့ လက်​ဝေ​ခံ​ကို ဘဏ်​ပိတ်​ဆို့​ဖို့ ကြိုး​ပမ်း

US Campaign for Burma က ဦးဆောင်လို့ အမေရိကားက ထင်ရှားတဲ့ အခွင့် အရေး တောင်းဆိုတဲ့ အဖွဲ့အစည်း ၂၁ ခု ပါဝင်ပြီး မြန်မာ အစိုးရနဲ့ သူတို့ရဲ့ လက်ဝေခံ အခွင့်အရေး အုပ်စုဖြစ်တဲ့ စီးပွားရေး သမားတွေ အပေါ် ဘဏ်လုပ်ငန်း ပိုင်း ဆိုင်ရာ ပိတ်ဆို့မှုနဲ့ အရေးယူဖို့ သမ္မတ အိုဘားမားဆီကို ဒီကနေ့ ရက်စွဲနဲ့ စာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတအိုဘားမားရဲ့ ထိစပ်ရေးမူနဲ့ပတ်သက်လို့ အခုလို စာရေးသားတောင်းဆိုမှုက စဉ်းစာစရာ

မြန်မာအစိုးရရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ဟာ သံတမန်နည်းလမ်းနဲ့ ဆွေးနွေးဆောင်ရွက် ဖို့လည်း လမ်းမမြင်ဘူး၊ ပြည်တွင်းပြည်ပ ဖိအား တွေ လျော့ဖို့ ဆောင်ရွက်တာမျိုးလည်း မရှိဘူး လို့ သမ္မတ အိုဘားမားဆီ ရေးတဲ့ စာထဲမှာ ဖော်ပြ ထားပါတယ်။

တခါ မြန်မာအစိုးရရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေ အတွက်လည်း ကုလသမဂ္ဂ က စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးနိုင်ဖို့ အမေရိကန် အနေနဲ့ ဦးဆောင် ကြိုးပမ်း ပေးဖို့ကိုလည်း သမ္မတ အိုဘားမားကို တိုက်တွန်း ထားပါတယ်။