နေပြည်တော်က ကျောက်မျက် ရောင်းချပွဲ

Image caption ရွှေလီ ကျယ်ကောင်က ကျောက်မျက်ရတနာ ဆိုင်

မြန်မာနိုင်ငံ နေပြည်တော်မြို့မှာ ဇူလိုင်လ ၁ရက်နေ ၁၃ ရက်ထိ ကျင်းပနေတဲ့ ၂ဝ၁၁ ကျောက်စိမ်း၊ ကျောက်မျက်နဲ့ ပုလဲ အထူးရောင်းချပွဲမှာ ရတနာ အတွဲပေါင်း နှစ်သောင်းကျော် ရောင်းချနေသလို တန်ဖိုး ပမာဏ အားဖြင့် အများဆုံး ဖြစ်ပါတယ်။

ကျောက်စိမ်းမှာ ဂျေဒိုက်နဲ့ နက်ဖရိုက် နှစ်မျိုးထဲက ရတနာ တန်းဝင် ကျောက်စိမ်း က ဂျေဒိုက် ဖြစ်ပြီး ကမ္ဘာပေါ်မှာ မြန်မာ့ ကျောက်စိမ်းက အကောင်းဆုံး ဖြစ်တယ်လို့ ရွှေလီမြို့က ကျောက်စိမ်း လုပ်နေတဲ့ ဒေသခံ တဦးက ပြောပါတယ်။

ကျောက်စိမ်းကို အဓိက ရောင်းဝယ် ကြသူတွေဟာ တရုတ် ကုန်သည်တွေ ဖြစ်တာကြောင့် ပြည်ပက လာရောက်တဲ့ ကုန်သည်တွေထဲမှာ တရုတ်တွေ အများဆုံး ဖြစ်သလို တကယ့် ကျောက်စိမ်း စျေးကွက်ကလဲ ရွှေလီ ကျယ်ကောင် ကျောက်စိမ်း စျေးကွက် ဖြစ်တယ်လို့ တရုတ် ရှင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။