နိုင်ငံအနှံ့ ဝါဆိုသင်္ဃန်းကပ်

buddhist monk
Image caption ဝါဆိုသင်္ကန်းကပ်လှူပွဲ

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင် တွေရဲ့ ဝါဆိုသင်္ဃန်း ကပ်လှူပွဲတွေ ကို နိုင်ငံတချို့ မှာ ကျင်းပရာမှာ နေရာထိုင်ခင်း အခင်းအကျင်း အပိုင်းမှာ အခက်အခဲ ရှိတတ်ပုံ ကို ဖင်လန်နိုင်ငံ မှ ဗုဒ္ဓဓမ္မရံသီ ဂေါပက အဖွဲ့မှ ဦးဇော်မိုးအောင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုတော့ ဘုန်းကြီးကျောင်းသစ် ဖွင့်လှစ်နိုင်ပြီ ဖြစ်လို့ ရပ်ဝေးမှ ဘုန်းကြီးတွေ ပင့်ဖိတ်ရာမှာ ဖြစ်စေ၊ ဘုရားဖူးတွေ တည်းခိုရာမှာ ဖြစ်စေ၊ အဆင်ပြေလာတဲ့ အကြောင်း ဦးဇော်မိုးအောင် က ပြောပြပါတယ်။

ဗုဒ္ဓဓမ္မရံသီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးပညာသာမိဟာ အိန္ဒိယ နိုင်ငံမှာ ဒဿနိကဗေဒ ဘာသာရပ်နဲ့ မဟာဝိဇ္ဖာဘွဲ့ ရပြီး၊ ပါရဂူဘွဲ့ အတွက် စာတမ်းပြုစု နေသူ ဖြစ်ပြီး၊ ဖင်လန်လူငယ်တွေပင် ဗုဒ္ဓဘာသာ ကို စိတ်ဝင်စားမှု ရှိပုံကို ဘီဘီစီ ကို မိန့်ကြားပါတယ်။

အထူးသဖြင့် မိမိဘဝ နဲ့ အခြေအနေ ကို လက်တွေ့ဘဝမှာ ကိုယ်တိုင် ဖန်တီးပိုင်ခွင့် အခွင့်အရေး ဟာ အကောင်းဆုံး ဆိုတာကို လူငယ်တွေ သဘောပေါက်ကြောင်း၊ ဆရာတော် ဦးပညာသာမိက မိန့်သွားပါတယ်။