အစားအသောက် ဝအောင် မစားရ လစာလဲ မရလို့ ထွက်ပြေး

ဓာတ်ပုံ မူပိုင် chro chin
Image caption အဓမ္မ လုပ်အားပေး စေခိုင်းခံရသူတွေ

ယုဇန ကုမ္ပဏီက လူတွေကို ခေါ်ယူပြီး ကချင်ပြည်နယ် တနိုင်းမြို့နယ် မြစ်ကြီးနားဘက်မှာ ပလောပီနံ စိုက်ပျိုးဖို့ တောခုတ် ရှင်းလင်းခိုင်းတဲ့ အပြင် အစားအသောက်လဲ ဝအောင် မစားရတဲ့ အပြင် ငှက်ဖျား ရောဂါ ဖြစ်နေတာကြောင့် ထွက်ပြေးလာခဲ့ရပြီး မှတ်ပုံတင်တွေလည်း သိမ်းဆည်း ခံထားရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ညောင်လင်း ကျေးရွာ ၊ ဓနိချောင်း ကျေးရွာက မိသားစုတွေကို တလ နှစ်သိန်း တသောင်း ပေးမယ်လို့ ပြောပြီး ခေါ်ပေမယ့် အခုလို နှစ်လ ကြာပေမယ့် လခ မရသေးဘူးလို့ ဆိုပါတယ်။

အလုပ်ကိုလည်း အချိန်ပြည့်လုပ်နေရတယ် ၊ ထွက်ပြေး လာသူတွေ ထဲမှာလဲ တယောက်သာ ကျန်းမာရေး ကောင်းတယ် လို့လည်း ပြောပြပါတယ်။