ရခိုင်နဲ့ ဧရာဝတီဒေသတွေမှာ မိုးရေကြီး

ဓာတ်ပုံ မူပိုင် Narinjara
Image caption မိုးကြီးတွေရွာတာ သုံးရက်ခန့် ရှိနေလို့ စိုက်ခင်း တွေလည်း ရေမြုပ်နေပါတယ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မိုးအဆက် မပြတ်ရွာသွန်းတဲ့ ချောင်းအနီးအနား တ​လျှောက်က ရပ်ကွက်တွေမှာ ရေမြုပ်နေ တာကြောင့် အဲဒီက ရွာသားတွေဟာ ဘေးလွှတ် ရာကို ပြောင်းရွှေ့နေရပါတယ်။

မိုးကြီးတွေရွာနေတာ သုံးရက်ခန့် ရှိနေပြီ ဖြစ်တဲ့ အတွက် စိုက်ခင်းတွေလည်း ရေမြုပ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည် နယ်ဂွမြို့နယ်တွင်းက မြေနိမ့်ပိုင်းမှာ တည်ရှိတဲ့ ကျေးရွာ (၆) ရွာမှာ လည်း မိုးကြီးပြီး ဒီကနေ့မနက်မှာ ရေကြီးခဲ့တာကြောင့် အိမ်ခြေပေါင်း၅၀ဝကျော်နဲ့ လူ၂၀ဝ၀ နီးပါး ရေဘေးဒုက္ခ ရောက်နေပြီး လယ်မြေဧက ထောင်ကျော် ရေမြုပ်ခဲ့ပါတယ်။

ကျောက်တော်မှာ မိုးရေချိန် ၁၀ ဒဿမ ၁၂ လက်မနဲ့ မြောက်ဦးမှာ ၉ ဒဿမ ၃၇ လက်မ ထိ စံချိန်ချိုးအောင် မနေ့က မိုးရွာသွန်းတဲ့အတွက် မြောက်ဦးမြို့ မြေနိမ့်ပိုင်းတွေမှာ ရေမြုပ်နေ တာ ဖြစ်ပါတယ်။ ကျောက်တော်မှာ ကုလားတန် မြစ်ရေ တိုးနေပြီး မိုးဆက်ရွာရင် မြစ်ရေကြီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီလို့ ဒုက္ခရောက်နေသူတွေ အတွက် မြို့ပေါ်က လူတွေဟာ အဲဒီကိုသွားရောက်ပြီး ထမင်းထုတ်နဲ့ အဝတ်အစားတွေ အကူအညီပေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာလည်း ဒီလကိုးရက်နေ့ကနေ ဒီကနေ့အထိ မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့ အတွက် ဟင်္ဿတမြို့ ပဒေသာစျေးကြီး ပိတ်လိုက်ရပြီး၊ ရပ်ကွက် ၅ ခုလောက် ရေအမြင့် ၄ ပေလောက် ရေမြုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။