နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူကြ

ဓာတ်ပုံ မူပိုင် AFP

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စု ဝန်ကြီး တဦးဖြစ်တဲ့ ဦအောင်ကြည် တို့ ဒီနေ့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ၂ ဘက် အပြုသဘော ပူးပေါင်းဆောင်ရွက် ကြမယ် လို့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ဆွေးနွေးပွဲ အပြီး နှစ်ဘက် သဘောတူ ထုတ်ပြန်တဲ့ အချက် တွေ ကို ဝန်ကြီး ဦးအောင်ကြည် က သတင်းထောက် တွေကို ဖတ်ကြား ပြရာမှာ နိုင်ငံတည်ငြိမ်ရေး ၊ ဒီမို ကရေစီ နဲ့ ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက် ၂ ဘက် ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူကြကြောင်း ပြောသွား ပါတယ်။

အခု လို သဘောတူကြတဲ့ အချက် ၄ ချက် ရှိပြီး အဲဒီ အချက် တွေ ထဲမှာ ၂ ဘက်ကြား ပဋိပက္ခ အသွင် ဆောင်သော အမြင် သဘောထား များ ကို ရှောင်ရှားမယ် လို့ လည်း သဘောတူခဲ့ ကြသ လို အခုလို ဆွေးနွေးပွဲ တွေကို ဆက်လက် လုပ်ဆောင်မယ် လို့ လည်း သဘောတူခဲ့ကြပါတယ်။