တပ်ကြပ်လက်ချက် နဲ့ အရပ်သားသေ

_burma_soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ စစ်သား

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ထီကျန်ခွဆုံမှာ ငှက်ပျော်သီးတွေ တင်လာတဲ့ စက်တပ် လှေငယ်တစီးကို မနေ့မနက် အစောပိုင်းမှာ ခလရ-(၉၃)တပ်ရင်း တပ်ကြပ်တစ်ဦး ကငွေတောင်းရန် တားမြစ်တာ ကို လှေကို မောင်းသွားတဲ့အတွက် သေနတ်နဲ့ လိုက်လံ ပစ်ခတ် ခဲ့လို့ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိ သွားတယ်လို့သိရပါတယ်။

သေနတ် ထိမှန် သေဆုံးသူ ဒဏ်ရာရခဲ့တဲ့ သားအဖဟာ ကျုံကတော ကျေးရွာ ကဖြစ်ပါတယ် သားငယ် တစ်ဦးကတော့ ကမ်းပေါ် တက်ပြေး လို့ လွတ်မြောက် သွားတဲ့အကြောင်း ဒေသခံ က ဘီဘီစီ ကို ပြောပြ ပါတယ် ။

သေဆုံးသူ က တော့ ၃၄နှစ် အရွယ် ကိုသိန်းထိုက်နဲ့ သေနတ်မှန် ဒဏ်ရာရတဲ့ ဖခင်ကတော့ ဦးသောင်းတင့် ဖြစ်ပါတယ်။ တာဝန်ရှိ ရဲစခန်း က ရဲမှူးကို ဆက်သွယ်မေးမြန်းတဲ့အခါ မှာ ဒဏ်ရာရသူ ရဲ့ အခြေအနေ ကို မနက်ဖြန်မှ သိရမယ်လို့သာ ဖြေဆို သွားခဲ့ပါတယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ခလရ-(၉၃)တပ်ရင်း က တပ်ကြပ်ကြီးကို တော့ ကျုံကတော ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရဲမှူးနှင့်ဗျူဟာမှူး တို့ က စစ်ဆေးမှုတွေ လုပ်နေ တယ်လို့ သိရပါ တယ်။