ကချင်ပြည်နယ်မှာ ဗုံးခွဲ မီးရှို့မှု ရှိ

mianmar
Image caption မြန်မာသတင်းစာ မှာ ကချင်သတင်းပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဝေတဲ့ မြန်မာ အစိုးရ သတင်းစာ တွေ ထဲ မှာ ကချင် ပြည်နယ်၊ မြစ်ကြီးနား မြို့နယ် က တာလောကြီး အရပ်မှာရှိတဲ့ မလိချောင်း ကြိုးတံတား ဗုံးခွဲ ခံရလို့ ပျက်စီး သွားတာ ရယ်၊ ခေါင်လန်ဖူး မြို့နယ် ထဲက ရွာတရွာ မှာ အိမ်ခြေ ၂ဝ ကျော် မီးရှို့ခံ ရတာတွေဟာ ကေအိုင်အေ လက်ချက် လို့ ရေးထား ပါတယ်။

ဒီသတင်းတွေ မှန်ကန်ခြင်း ရှိမရှိ သိရအောင်၊ ကေအိုင်အေ အဖွဲ့က တွဲဘက် အတွင်းရေးမှူး ဦးလနန်း ကို မေးကြည့်ရာမှာ ကေအိုင်အေ ရှေ့တန်း တပ်က သတင်းပို့တာ မရှိသေးလို့ တိတိကျကျ မပြောနိုင်ကြောင်း ဘီဘီစီ ကိုပြောပါတယ်။

အခုလို မသိရတဲ့ အတွက် ကေအိုင်အေ ရှေ့တန်း တပ်တွေနဲ့ ကေအိုင်အေ နောက်တန်း လူကြီးတွေ အကြားမှာ ဆက်သွယ်မှု လမ်းကြောင်း ပြတ်တောက်လို့ လား လို့ မေးရာမှာ တော့၊ အဆင့်ဆင့် သတင်းပေးပို့ မှု ရှိနေပုံ ကို ဦးလနန်း ကရှင်းပြပါတယ်။

အစိုးရ သမ္မတ ဦးသိန်းစိန် ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကေအိုင်အေ ကို သောင်းကျန်းသူ သဘောပြောပြီး၊ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ် လို့ အပြုသဘော ဆန်တာ မတွေ့ရသေး တဲ့ အ ကြောင်း ဦးလနန်း က ပြောပါသေးတယ်။