DKBA အဖွဲ့ နယ်ခြားစောင့်တပ် အဖြစ်ပြောင်း

ဒီကေဘီအေ အမှတ်တံဆိပ်
Image caption ဒီကေဘီအေ အမှတ်တံဆိပ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်မျိုးသား အဖွဲ့ DKBA အား နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းပြီးဖြစ်လို့ အဲဒီအမည်ခံပြီး တိုင်းပြည် အေးချမ်းရေးကို ဖျက်ဆီးနေတဲ့ ဒီကေဘီအေ အမည်ခံ အခြား အဖွဲ့ကို အသိအမှတ်မပြုဘူးလို့ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက သဘောထား ထုတ်ပြန်ပါတယ်။

အခုအခါ DKBA အဖွဲ့ဟာ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းပြီး တပ်ရင်း၁၂ခုရှိကြောင်း အသက်၅၀ ကျော်သူတွေကတော့ KSDDP ပါတီအနေနဲ့ ဆက်လက် ရပ်တည်နေကြောင်း ရေးထားပါတယ်။

ဒီလိုပြောကြားချက်နဲ့ ပတ်သက်လို့ ဒီကေဘီအေ အဖြစ် ဆက်လက် အမည်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့မှ ကလိုထူးဝါးစစ်ဌာန ချုပ်မှ ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ကြီး သရီးတူးကတော့ အခုပြောဆိုချက်ကို လက်မခံဘဲ ဒီကေဘီအေ အနေနဲ့ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ဘီဘီစီကို ပြောကြား သွားပါတယ်။

အခုနယ်ခြားစောင့်တပ်ဖွဲ့သွားသူ တွေကသာ ဒီကေဘီအေကို သစ္စာဖေါက်ပြီး ကိုယ်ကျိုးလုပ်တဲ့အတွက် အရင်ကလည်း ဒီကေဘီအေရှိသလို အခုလည်း ဆက်ရှိနေတုန်းဘဲလို့ ပြောသွားပါတယ်။