အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ရှမ်း မပါ

SSA north ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည် တပ်မတော်က တပ်ဖွဲ့များ

ဦးသိန်းစိန် အစိုးရက တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စာတွေ ပို့ရာမှာ ရှမ်းအဖွဲ့ကို ချန်ထားခဲ့လို့ သတင်း ရရှိပါတယ်။

ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် ဆီကို ပြီးခဲ့တဲ့ အပတ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်း ခဲ့တယ်လို့ သတင်းတွေ ထွက်လာပေမယ့် ကာယံကံရှင်တွေက မဟုတ်ကြောင်း ဘီဘီစီကို ပြောပြပါတယ်။

အစိုးရက သတင်းစာထဲမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး စကားပြောမယ် ဆိုတဲ့ ကြေညာချက်က လွဲပြီး သူတို့ဆီ ဘာမှ ထူးထူးခြားခြား မဆက်သွယ် သေးဘူးလို့ ရှမ်းပြည် တိုးတက်ရေး ပါတီ ဗဟို ကော်မတီဝင် ဗိုလ်မှုး စိုင်းလက ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေး ဖြစ်ရင်တောင် တဖွဲ့ချင်းစီ ဆွေးနွေးတာထက် တိုင်းရင်းသား အဖွဲ့တွေ စုဖွဲ့ထားတဲ့ ဖယ်ဒရယ် ကောင်စီနဲ့ ဆွေးနွေးတာ ပိုသင့်တော်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက အစိုးရက ဒီကေဘီအေ၊ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့၊ မိုင်းလား အဖွဲ့ တွေဆီ ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ စာတွေ ပေးပို့ခဲ့ပါတယ်။