နယ်စည်းမခြား အကူအညီ ရပ်တော့မယ်

MSF ဓာတ်ပုံ မူပိုင် AP
Image caption နယ်စည်းမခြား ဆရာဝန်များ အဖွဲ့

နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ရဲ့ ထိုင်းနယ်စပ် ဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီ တွေကို ရပ်တော့မယ်လို့ ဆိုပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကနေ မိတ်ဆွေ အဖွဲ့အစည်းတွေဆီ ပို့တဲ့ စာတွေထဲမှာ ဖော်ပြထားတာဖြစ်ကြောင်း ထိုင်းနယ်စပ် ကျန်းမာရေး အဖွဲ့ အစည်းတွေက အတည်ပြုပြောကြားပါတယ်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ဟာ အခုလို ဆုတ်ခွာဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ကြိုတင်သတိပေးထားပြီး ထိုင်းနယ်စပ် ဒုက္ခသည်တွေအတွက် ထိုင်းမှာ ရှိတဲ့ ဒေသခံ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ လွှဲပြောင်း ပေးခဲ့တယ်လို့ လည်း ဆိုပါတယ်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ဟာ ဒုက္ခသည်တွေအတွက် ငှက်ဖျား၊ တီဘီ၊ အေအိုင်ဒီအက်စ် ရောဂါ အခမဲ့ ကုသမှုတွေကို ဆောင်ရွက်ပေးခဲ့ ပါတယ်။

နယ်စည်းမခြားဆရာဝန်များ အဖွဲ့က ကြိုတင်ပြင်ဆင်ထားခဲ့တယ်ဆိုပေမဲ့ ဒုက္ခသည်တွေ အတွက်က လိုအပ်ချက်တွေရှိနေဦးမယ်လို့ နယ်စပ်ဒုက္ခသည်တွေနဲ့ တိုင်းရင်း သားတွေရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။