KIA အပေါ် အစိုးရက ထိုးစစ်ဆင်

ဓာတ်ပုံ မူပိုင် bbc
Image caption တိုက်ပွဲအရှိန်ဟာ ဆက်လက် ကြီးထွားလာမယ့် အခြေအနေရှိပါတယ်

ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်းတွေအပေါ် အစိုးရ စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ အထူး စစ်ဆင်ရေးတခု သဖွယ် စတင် တိုက်ခိုက်နေကြောင်း သိရပါတယ်။

ကွတ်ခိုင်ဒေသမှာ ရှိတဲ့ ကေအိုင်အေ တပ်ရင်း (၉)၊ တပ်ရင်း(၂) တို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ အစိုးရ တပ်တွေဟာ သောကြာနေ့ မနက် (၁ဝ) နာရီခွဲ လောက်ကစပြီး အခုအချိန်အထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတာပါ။

ဒီနေ့မှာတော့ မန်တုံမြို့နယ်အနီးက ကေအိုင်အေ တပ်ရင်း (၈) နဲ့ပါ တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း သိရပါတယ်။

ဒီတိုက်ပွဲတွေအတွင်း အစိုးရဖက်က အသေအပျောက်တွေလဲ ရှိခဲ့ပြီး တိုက်ပွဲအရှိန်ဟာ ဆက်လက်ကြီးထွားလာမယ့်အခြေအနေရှိပါတယ်။

ကေအိုင်အိုဘက် ကတော့- ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေ တပ်ရင်းတွေ အပေါ် အစိုးရဘက်က အထူးစစ်ဆင်ရေးတခု စတင်လာတာ အဖြစ် ယူဆပါတယ်။

ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား ကြိုးကြားတိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေရာက၊ အခုတော့ တိုက်ပွဲတွေဟာ ပိုမို ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။