အကျဉ်းသားသတင်း အာဆီယံဘက်က အပြုသဘောတုံ့ပြန်

Marty
Image caption အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး

မြန်မာအစိုးရက အကျဉ်းသားတွေ လွှတ်ပေးတာဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်တယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံက နိုင်ငံခြားရေး၀န်ကြီး မာတီ နာတာလီဂါဝါက ဘီဘီစီကို ပြောပါတယ်။

''ရွေးကောက်ပွဲ ပြီးနောက် မကြာခင် လပိုင်းတွေ အတွင်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးခဲ့တယ်၊ ပိုပြီး ပီပြင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ သမ္မတတို့ တွေ့ဆုံခဲ့တယ်၊ အခုလည်း အကျဉ်းသားတွေ လွှတ်ပေးတာက အရေးကြီးတဲ့ အပြုသဘော ပြောင်းလဲမှုပါ၊ ဒီလိုပဲ မြန်မာအစိုးရ အနေနဲ့ အခုနှုန်း အတိုင်း ရေရှည် ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်'' လို့ မစ္စတာ နာတာလီဂါဝါက ပြောပါတယ်။

အခုလို အကျဉ်းသား တွေကို လွှတ်ပေးလိုက်တဲ့ အတွက် ၂၀၁၄ မှာ မြန်မာဟာ အာဆီယံဥက္ကဌြဖစ်နိုင်ဖို့အတွက် အခြေအနေတွေက ဖန်တီးပေး လာနေတယ်လို့လည်း သူက ပြောပါတယ်။

''လွန်ခဲ့တဲ့ ၇ လတို့ တစ်နှစ်တို့လောက်က အခြေအနေတွေနဲ့ နှိုင်း ယှဉ်ရင် မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တယ်လို့ ပြောလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ တိုးတက်မှုတွေ ဆက်ဖြစ်အောင် ကျွန်တော်တို့ဘက်ကတော့ ဝိုင်းဝန်း အားပေးကြရမှာပါ'' လို့ အင်ဒို နီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

မစ္စတာ နာတာလဂါဝါဟာ နောက်သတင်းပတ်အတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ဖို့လည်း ရှိပါတယ်။ သူ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌဖြစ်ဖို့ အဆင်သင့် ဖြစ်မဖြစ်ဆိုတာကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။