ဦးသိန်းစိန် အိန္ဒိယနိုင်ငံကို တရားဝင် ခရီးစတင်

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဦးသိန်းစိန်ရဲ့ ဗုဒ္ဓဂါယာခရီး

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့ကစပြီး အိန္ဒိယနိုင်ငံကို လေးရက်ကြာ တရားဝင် ခရီး စတင် လှည့်လည် နေပြီ ဖြစ်ပါတယ်။

သူဟာ ဗုဒ္ဓဂါယာကို အရင်ဝင်ပြီး အဲဒီက တဆင့် ဒေလီမြို့ဆီ ခရီးဆက်မှာ ဖြစ်တယ်လို့ ဒေလီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

လာမယ့် သောကြာနေ့က စပြီး တရားဝင် ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့လည်း ပြောပါတယ်။

ဒါဟာ အရေးပါတဲ့ ခရီးစဉ် တခုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံက နေရင်းရင်း နှီးနှီး ပိုပြီး ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယဟာ မြန်မာနဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတခုဖြစ်ပြီး မနှစ်က နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးဟာ ဒေါ်လာ ၁.၂ ဘီလျံအထိ ရှိခဲ့ပါတယ်။