ဦးသိန်းစိန် အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးလိမ့်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဦးသိန်းစိန်နဲ့ ဇနီး အိန္ဒိယ ခရီးမှာ တွေ့ရပုံ

အိန္ဒိယနိုင်ငံ မှာခရီးလှည့်လည်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ဒေလီမြို့မှာ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ဦးသိန်းစိန်ဟာ စုစုပေါင်း လူ ၇ဝ လောက် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး အိန္ဒိယကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ခရီးစဉ် အစပိုင်းမှာ ဗုဒ္ဓဂယာကို အရင်ဆုံး ဝင်ရောက်ခဲ့ပြီး မနေ့ကတော့ ဒေလီမြို့ကို ရောက်ရှိခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးတွေ အပြင် နယ်စပ်ဒေသ လုံခြုံရေး ကိစ္စတွေကိုပါ ဆွေးနွေးကြဖို့ ရှိပါတယ်။