ဂျပန်က မြန်မာကို အကူအညီ ပြန်ပေးနိုင်

Maung Lwin ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်

မြန်မာ နိုင်ငံကို ဂျပန် အစိုးရက အကူအညီ ပြန်ပေးဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ရရှိပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ဂျပန်ကို ရှေ့သီတင်းပတ်မှာ သွားဖို့ ရှိပြီး သူ့ ခရီးစဉ်မှာ နှစ်နိုင်ငံ အကျိုးတူ ကိစ္စတွေ ဆွေး နွေးဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုအိချီရို ဂင်ဘာက သောကြာနေ့က ပြောပါ တယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး တယောက် ဂျပန်ကို နောက်ဆုံး သွားခဲ့တာ လွန်ခဲ့တဲ့ ခြောက် နှစ်က ဖြစ်ပြီး ဂျပန် မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်ချင်တယ်လို့ ဂျပန် နိုင်ငံ ခြားရေး ဝန်ကြီးက ပြောပါတယ်။

မတ်လတုန်းက အစိုးရသစ် တက်လာပြီးနောက်မှာ ဂျပန်က မြန်မာ အဆင့်မြင့် ကိုယ်စား လှယ်တွေကို ဖိတ်ကြားဖို့ ဆန္ဒရှိနေတယ်လို့ အကဲခပ်တွေက သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံထဲမှာ ကျန်းမာရေး၊ ပညာရေးနဲ့ ကျေးလက် ဒေသက ဆင်းရဲမှု ပပျောက်ရေး ကိစ္စတွေမှာ ဂျပန်က အကူအညီ ပြန်ပေးချင်နေပြီး စီးပွားရေး ကိစ္စတွေမှာတော့ မြန်မာ နိုင်ငံမှာ ဂျပန် ကုမ္ပဏီတွေ စီးပွားရေး လုပ်ကိုင်လို့ ကောင်းတယ်ဆိုတဲ့ သတင်းတွေ မရမချင်း စီးပွားရေး အကူအညီ ပြန်စဖွယ် မရှိသေးဘူးလို့ ယူဆကြောင်း ဂျပန် အခြေစိုက် ဒေါက်တာ မင်းညိုက ပြောပါတယ်။

တဘက်မှာ မြန်မာ အစိုးရနဲ့ ဆက်ဆံရေး ပြန်လုပ်ချင်တဲ့ အကြောင်းတွေထဲမှာ ပထဝီ နိုင်ငံရေး စဉ်းစားချက်တွေလည်း ပါနိုင်ပါတယ်။

ဂျပန်ဟာ မြန်မာ နိုင်ငံထဲ ရင်းနှီး မြှတ်နှံမှု ပြန်လုပ်ချင်နေပြီး အထူးသဖြင့် ရှားပါး ဒြပ်စင် တွေကို မြန်မာနိုင်ငံထဲ တူးဖော် ထုတ်လုပ်ရေးကို ပြင်ဆင်နေတယ်လို့ ဂျပန် အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။

ဂျပန် အစိုးရဟာ ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို နေခဲ့ပြီး မြန်မာ့ နိုင်ငံရေးမှာ တိုင်းရင်းသားတွေ အပါအဝင် အဓိက အတိုက် အခံတွေလည်း ပါခွင့် ရမယ် ဆိုရင် ဂျပန် ပေါ်လစီ ပြောင်းဖို့များတယ်လို့ မြန်မာ့ အရေး လေ့လာသူ ဂျပန်မှာ အခြေ စိုက်တဲ့ ဒေါက်တာ မင်းညိုက ထင်မြင်ချက် ပေးခဲ့ပါတယ်။