ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ထပ်လွှတ်ပေးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption လွတ်မြောက်လာမယ့် သူတွေကို ကြိုစောင့်နေသူတွေ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို မကြာခင် ထပ်ပြီး လွှတ်ပေးကောင်း လွှတ်ပေး နိုင်တယ်လို့ ထိပ်တန်း အစိုးရ အရာရှိ တယောက်က ဗုဒ္ဓဟူးနေ့က ပြောခဲ့ကြောင်း ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက နိုင်ငံရေး အကျဉ်းသား နှစ်ရာ ပတ်ဝန်းကျင် လောက်ကို မြန်မာ အစိုးရ လွှတ်ပေးခဲ့တဲ့ အပေါ် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတရပ်အဖြစ် အနောက် နိုင်ငံတွေက ကြိုဆိုခဲ့ ပြီးတဲ့နောက် အခုလို ပြောကြားချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

တရားဝင် ဆုံးဖြတ်ချက် မကျသေးပေမယ့် ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေကို အစိုးရက ပြန်လွှတ်ပေး လိမ့်မယ်လို့ သူထင်မြင် မိကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဦးကိုကိုလှိုင်က ရိုက်တာ သတင်းဌာနကို ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။