ကန် ကိုယ်စားလှယ် နှစ်ယောက် ရန်ကုန် လာမည်

US envoy ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် ကိုယ်စားလှယ် ဒဲရက် မစ်ချဲလ မြန်မာပြည် ရှေ့အပတ် လာမည်

မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွတ်လာအောင်၊ ဒီမိုကရေစီ နည်းကျ ပြုပြင် ပြောင်းလဲမှုတွေ ပေါ်လာအောင် တွန်းအားပေးဖို့ အမေရိကန် ထိပ်တန်း တာဝန်ခံ နှစ်ယောက် ရှေ့အပတ် မြန်မာ ပြည် လာရောက်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ပေါ့စနာဟာ အင်္ဂါနေ့မှာ ဆိုက်ရောက်မှာ ဖြစ်ပြီး လေးရက် နေထိုင်မှာ ဖြစ်ပါတယ်။

တပတ်ထဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲလလည်း လာမှာ ဖြစ်ပြီး ဒီခရီးဟာ မစ်ချဲလရဲ့ နှစ်လအတွင်း တတိယမြောက် ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ပွင့်လင်းလာတော့မယ့် အားတက်ဖွယ် လက္ခဏာတွေကို တွေ့နေရတယ်လို့ အမေရိကန်တွေက ပြောပါတယ်။

တဆက်ထဲမှာ မနက်ဖန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် တို့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သတင်းတွေ ရရှိပါတယ်။