ကုလ အရာရှိ မစ္စတာ နမ်ဘီယာ မြန်မာပြည်ရောက်

ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား တနင်္လာ နေ့က မြန်မာ နိုင်ငံကို ရောက်ရှိ လာခဲ့ ပါတယ်။

Image caption ပြီးခဲ့တဲ့ ခရီးစဉ် အတွင်း ဒေါ်စုနဲ့ တွေခဲ့စဉ်

ငါးရက်ကြာ ခရီးစဉ် ရဲ့ ပထမနေ့ မှာပဲ မစ္စတာ နမ်ဘီးယားက နေပြည်တော်ကို ခရီးဆက် ခဲ့ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် တို့နဲ့ တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

သူ့ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ ရှိသလား ဆိုတာ တော့ မသိရ သေးပါဘူး။

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေဖို့ ရှိတယ်လို့ ဆိုပေမဲ့ နေ့ရက် အတိ အကျကိုတော့ မပြောနိုင် သေးဘူးလို့ ရန်ကုန် ကုလ သမဂ္ဂရုံးက ပြန်ကြားရေး အရာရှိက ပြော ပါတယ်။

မစ်စတာ နမ်ဘီးယားရဲ့ အခု ခရီးစဉ် ဟာ တတိယမြောက် မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်ပြီး အစိုးရသစ် ပေါ်ပေါက် လာပြီးတဲ့ နောက်မှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်ပြီး လေ့လာ ရအောင် လာရောက်တာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

အခု ခရီးစဉ် အတွင်း အစိုးရ အရာရှိတွေ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး ပါတီတွေ အပြင် လူမှုအဖွဲ့ အစည်း တွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

အခု ရက်ပိုင်း အတွင်း ကုလ သမဂ္ဂ အပါ အဝင် အမေရိကန် နဲ့ ဥရောပ နိုင်ငံတို့က သံတမန်တွေ အပြင် အာဆီယံနဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တွေက ပုဂ္ဂိုလ်တွေ မကြာခဏ လာနေ တာဟာ မြန်မာ နိုင်ငံရဲ့ ပြောင်းလဲမှု အစ အခြေ အနေကို လာရောက် စူးစမ်းတဲ့ အဆင့်ပဲ ဖြစ်တယ်လို့ ရန်ကုန်က သတင်းစာ ဆရာ တစ်ယောက် ဖြစ်တဲ့ မြန်မာ့ ဓန မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဆရာ ဦးသီဟစောက သုံးသပ် ပါတယ်။