မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ပြီလား

asean investment
Image caption ပြည်ပ ရင်းနှီးမြှုပ်နှံမှု

မြန်မာ့ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က ပြည်ပ က မြန်မာနိုင်ငံ အတွင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူတွေ တိုးတက် လာစေရေး ရည်ရွယ်တဲ့ အနေ နဲ့ သက်ဆိုင်ရာ ဉပဒေ ပြင်ဆင်တာ အပါအဝင် လုပ်ငန်းဆောင်တာ တချို့ကို သွက်သွက် လက်လက် လုပ်ဆောင် နေပါပြီ။

ပြည်ပ နိုင်ငံတွေ ဖက်ကလည်း မြန်မာနိုင်ငံ မှာ ရင်းနှီးမြှပ်နှံမှု ပြုဖို့ စုံစမ်း မေးမြန်းမှု တွေ ပြုနေပြီ လို့ မြန်မာ့ရင်းနှီး မြှုပ်နှံမှု ကော်မရှင် က ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့် က ဘီဘီစီ ကို ပြောပါတယ်။

အထူးသဖြင့် အာရှ နိုင်ငံတွေ က မြန်မာနိုင်ငံ မှာ ရင်းနှီးမှု ပြုဖို့ ပိုမို စိတ်ဝင်စားကြတဲ့ အကြောင်း၊ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းတွေ ဖြစ်တဲ့ ဖိုင်ဘာ အော့ပ်တစ်စ် ဆိုင်ရာ လုပ်ငန်းပိုင်း ရင်းနှီးမြှုပ်နှံ ကြရေး ပါဝင်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဉပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးပိုင်းမှာ တော့ လွှတ်တော်ကို အရင်တင် ရမှာ ဖြစ်တဲ့ အကြောင်း ဒေါ်သီတာမြင့် က ပြောပြပါ သေးတယ်။

ချင်းမိုင်မြို့ အခြေစိုက် ဗဟုဖွံ့ဖြိုးမှု အဖွဲ့ က စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦး ကလည်း ပြည်တွင်း မိုက်ကရို စီးပွားရေး ဝန်းကျင် တည်ငြိမ် ဖို့ လိုသလို၊ တရားဉပဒေ စိုးမိုးရေး၊ ကုန်စျေးနှုန်း နဲ့ ငွေလွှဲနှုန်း က အစ တည်ငြိမ်မှု ရှိမှသာ ရင်းနှီးမြှုပ်နှံသူ တွေက ယုံကြည်မှု ရှိမယ့် အကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။