ရေကြီးမှု ဖြေရှင်းဖို့ ထိုင်း အစိုးရ ကြိုးစားနေရဆဲ

Yinluck
Image caption ထိုင်းဝန်ကြီးချုပ်က ပြန်လည် ထူထောင်ရေး အတွက် ဆောင်ရွက် ပေးမယ်လို့ဆို

ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ အနှစ်၅၀ အတွင်း အဆိုးဆုံး ရေကြီးမှုကို အာရုံစိုက် ဖြေရှင်း နိုင်အောင် မကြာခင် ဟာဝိုင်ယီမှာ လုပ်မယ့် အာရှ ပစိဖိတ် ပူပေါင်း ဆောင်ရွက်ရေး ထိပ်သီး အစည်း အဝေး တက်မယ့် အစီအစဉ် ကို ပယ်ဖျက် လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်ကို ရေဆက် ဝင်ရောက် လာနေပြီး နောက်ထပ် စက်မှု လုပ်ငန်းကြီး ၂ခု အန္တရာယ် ရှိနေ ပါတယ်။

အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စယင့်လပ် ကလယ်သမားတွေ စက်ရုံ အလုပ်သမား တွေကို လျော်ကြေး ပေးဖို့ ကတိပြု လိုက်ပြီး ရေကြီးမှု ဒဏ်ကနေ နာလံ ထူအောင် လုပ်နေတဲ့ စီးပွားရေး လုပ်ငန်း တွေကို အကူအညီ ပေးသွား မယ်လို့ ပြောသွား ပါတယ်။