နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2011 - 01:57 GMT

အာဆီယံ ထိပ်သီးညီလာခံ

asean_summit

အာဆီယံ ထိပ်သီးညီလာခံ

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း ရှိ နူဆာဒူအာ အပမ်းဖြေ စခန်းမှာ ကျင်းပ နေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီးညီလာခံ မှာ ၂ဝ၁၄ ခု နှစ် အတွက် အာဆီယံ ဉက္ကဌ ရာထူးနေရာ ကို မြန်မာနိုင်ငံ က လိုလား နေသလို အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီး တွေ အနေနဲ့ သဘောတူဖို့ ရှိနေပါပြီ။

ဒီအကြောင်း ကို လက်ရှိ အာဆီယံ ဉက္ကဌ တာဝန် ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး မာတီ နက်တာလာ ဂါဝါ က ပြောပြပါတယ်။

မာတီနက်တာလာ ဂါဝါ ဟာ မကြာခင်ကပဲ မြန်မာ နိုင်ငံ ကို သွားရောက်ခဲ့ပြီး အစိုးရ ထိတ်တန်း အရာရှိ တွေ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဟာ အာဆီယံ ဉက္ကဌ ရာထူး ဆက်ခံခွင့် အသင့် ဖြစ်မဖြစ် လေ့လာ ခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဟာလည်း နောက်ကြောင်း ပြန်သွားလို့ မရတော့ဘူး၊ ရှေ့ကို တိုးလို့ ဆောင်ရွက် ဖို့သာ ရှိတယ်လို့ မစ္စတာ မာတီ က ပြောပါတယ်။

မြန်မာနိုင်ငံ ဟာ ဉက္ကဌ တာဝန်ယူခြင်းဖြင့် ပြောင်းလဲမှု တွေ ဆက်လက် ဖြစ်ပေါ် နေဖို့လည်း တွန်းအား ဖြစ်စေမယ်လို့ မစ္စတာ မာတီ က ထောက်ပြ ပြောဆိုပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲ ပုံရိပ်များ

  • Asean Summit
    အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များရဲ့ ထိပ်သီးအစည်းအဝေး
  • Asean Summit
    မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်
  • Asean Summit
    ၂၀၁၄ မှာ မြန်မာကို အာဆီယံ ဥက္ကဌ
  • Asean Summit
    အာဆီယံခေါင်းဆောင်များ
  • Asean Summit
    အာဆီယံနဲ့ ဒေသတွင်း အစည်းအဝေးတွေမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်လည်း တက်ရောက်

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။