NLD မှတ်ပုံ တင်မယ့် စာရင်းထဲ ၂၁ ယောက် ပါဝင်

အန်အယ်လ်ဒီ ပါတီမှတ်တင်ခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာ တင်ဖို့ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းမြင့်တို့ နေပြည်တော် ကို သွားနေကြပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီ မှတ်ပုံတင်ရေး ဆုံးဖြတ်ဖို့ ဆွေနွေးတဲ့ နေ့က ဒေါ်အောင်ဆန်း စုကြည်ကို စောင့်ကြို နှုတ်ဆက် ကြသူများ

အန်အယ်လ်ဒီ ပါတီ မှတ်တင်ခွင့် အတွက် တည်ထောင်သူ စာရင်းထဲမှာ ပါတီ ခေါင်းဆောင်ပိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးတင်ဦး အပါအဝင် လူ ၂၁ ယောက်ရဲ့ အမည် စာရင်း ပါရှိ ပါတယ်။

အဲဒီထဲမှာ အမျိုး သမီး ၁၁ ယောက် ပါဝင်တာ တွေ့ရ ပါတယ်။

ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် တို့ရဲ့ နာမည် တွေတော့ မပါပါဘူး။

အန်အယ်လ်ဒီ မှတ်ပုံတင်ဖို့ အတွက် နေပြည်တော်ကို သွားနေ တဲ့ ဦးဉာဏ်ဝင်း ကတော့ အခု နာမည် စာရင်း ထဲမှာ ပါတဲ့သူ တွေဟာ ဗဟို အလုပ် အမှုဆောင် တွေ ကို ဖော်ပြတာ မဟုတ်ဘဲ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ သူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ ထဲမှာ မရမ်းကုန်း မြို့နယ်က ဒေါက်တာ ဒေါ်မေဝင်းမြင့် ဘားအံက ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်အောင်ဆန်း စုကြည် ရဲ့ အမှုကို လိုက်ပါ ဆောင်ရွက် ပေးခဲ့တဲ့ မော်လမြိုင်က ဒေါ်ခင်ဌေးကြွယ် စသူတို့ ပါဝင်ပါတယ်။