မဲခေါင်မြစ်ကြောင်း ပူးတွဲ ကင်းလှည့်မည်

patrol ဓာတ်ပုံ မူပိုင် Xinhua
Image caption မဲခေါင် မြစ်ကြောင်း တလျှောက် ကင်းလှည့်မည့် ရေယာဉ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကနေထိုင်း နိုင်ငံ မြောက်ပိုင်းကို မဲခေါင် မြစ်ကြောင်း တလျှောက် ကုန်တင် သင်္ဘောတွေ ဘေးအ န္တရာယ် ကင်းရှင်းအောင် သွားလာ နိုင်ရေး အတွက် တရုတ်၊ မြန်မာ၊ လောနဲ့ ထိုင်းတို့ ပူးပေါင်းပြီး ကင်းလှည့် ရေယဉ်တွေက စောင့်ရှောက်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်လ လောက်က တရုတ် ကုန်တင် သင်္ဘောသား ဆယ့်သုံးယောက် အသတ် ခံရပြီး မဲခေါင်မြစ် ထိုင်းနယ်ထဲမှာ အလောင်းတွေ တွေ့ရှိ ပြီးနောက် တရုတ် ကုန်တင် သင်္ဘောတွေ ပြေးဆွဲ တာကို ရပ်ဆိုင်းထားရာကနေ အခုတော့ ပြန်ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်မှာတော့ တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကွမ်လွီ ဆိပ်ကမ်းမှာ တရုတ်၊ မြန်မာ၊ လောနဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲ ကင်းလှည့် တပ်ဖွဲ့ ရုံးစိုက်ပြီး ဖွင့်ပွဲနဲ့ အတူ တရုတ် ကုန်တင် သင်္ဘောတွေ ထိုင်းနိုင်ငံကို လုံခြုံရေး ရေယဉ်နဲ့ အတူ စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် နယ်စပ် မဲခေါင်မြစ် ကုန်းတွင်းပိုင်းရော မြစ်ကြောင်းမှာပါ စစ် တပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေး တာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ကင်းလှည့် စစ်ရေယဉ် သုံးစီးကို တရုတ် နိုင်ငံက ပေးတယ်လို့ တာ ချီလိတ်မြို့က လုံခြုံရေး အရာရှိ တဦးက ဘီဘီစီကို ပြောပါတယ်။

အလားတူဘဲ လောနိုင်ငံကလည်း လော ရေပိုင်နက်မှာ တာဝန်ယူ ကင်းလှည့်မှာ ဖြစ်ပါတယ်။

ရွှေတြိဂံနယ်မြေ ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းက တာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ကြောင်းမှာ တရုတ် ကုန်တင် သင်္ဘောတွေက ထိုင်းနိုင်ငံကို အဓိက ပြေးဆွဲနေတာ ဖြစ်ပြီး နှစ်နိုင်ငံ စိုက်ပျိုး ထွက်ကုန် ပစ္စည်းတွေကို အဓိက သယ်ယူ ပို့ဆောင် နေတာ ဖြစ်ပါ တယ်။