NLD ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်ကို ရွေးချယ်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပါတီမှတ်ပုံတင်တုန်းက တင်ပြထားတဲ့ ၂၁ ဦး ထဲက ခေါင်းဆောင် နှစ်ဦးကို ရွေးရမှာဖြစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ရေး ဆက်လုပ်ဖို့ ပါတီခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေကို လာမယ့် တနင်္လာ နေ့မှာ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရုံးက ကြားရတဲ့ သတင်းတွေအရ ပါတီမှတ်ပုံတင်တုန်းက တင်ပြထားတဲ့ လူ ၂၁ ဦးထဲကပဲ ဒီခေါင်းဆောင် နှစ်ဦးကို ရွေးရမှာ ဖြစ်ကြောင်း၊ ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

ပါတီခေါင်းဆောင် နှစ်ဦးရွေးချယ်ပြီးတဲ့အခါမှာ အဲဒီခေါင်းဆောင် နှစ်ဦးနဲ့အတူ ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ စာစောင်ထုတ်ဝေခြင်း စတဲ့ အချက်တွေကို တခါတည်း တင်ပြရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့်လည်း ဗဟိုအလုပ်အမှုဆောင် (CEC) ရွေးတဲ့အခါမှာတော့ ဒီ၂၁ ဦးတည်းကပဲ ရွေချယ်ရမယ် ဆိုတာကတော့ မဟုတ်ကြောင်း ဦးဝင်းတင်က ဆက်ပြောပါတယ်။