ဘင်္ဂလား ပင်လယ် လှေမြုတ် ရာချီသေနိုင်

bangladesh
Image caption မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ တရားမဝင် ထွက်သူတချို့ ခရီး မရောက်ခင် ဖမ်းဆီး ခံရတာတွေလည်းရှိ

ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားကို တရား မဝင် လမ်းကြောင်းကနေ ခိုးထွက်တဲ့ လှေတစီးဟာ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ရေပြင်မှာ နစ်မြုတ် ရာကနေ လူရာချီ သေဆုံးဖွယ် ရှိတယ်လို့ သတင်း ရရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ထွက်လာတဲ့ လှေဟာ နတ်မြစ်ဝ ဆင်မဖြူကျွန်း အနီးမှာ နစ်မြုတ်ခဲ့တာ ဖြစ်ပါတယ်။

လူရာချီ ပါသွားတဲ့ စက်လှေ ပေါ်ကနေ ကိုးဦးကို တခြား စက်လှေ တစီးက မနေ့က ကယ်တင် နိုင်ခဲ့ပါတယ်။

စက်လှေပေါ်မှာ 'မြန်မာ နိုင်ငံဘက်က' လူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က လူတွေပါ ပါသွားတယ်လို့ ဆင်မဖြူကျွန်း အနီးမှာ နေထိုင်တဲ့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပြ ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် နှစ်နာရီလောက်က နစ်သွားတာ ဖြစ်ပြီး လူတွေ အဆမတန် တင်ဆောင် လာလို့ နစ်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကမ်းပေါ် လာတင်တဲ့ အလောင်းတချို့ကို ရှာဖွေ့ တွေ့ရှိထားပြီး ခု စက်လှေ နစ်မြုတ်မှုဟာ တလ အတွင်းမှာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

ပထမအကြိမ် နစ်မြုတ်တုန်းကလည်း လူပေါင်း ခြောက်ဆယ်လောက် သေဆုံးခဲ့တယ်လို့ သတင်း ရရှိပါတယ်။