ကချင် ဒုက္ခသည်တွေ အတွက် ဒေါ်စု ငွေလှု

kachin ဓာတ်ပုံ မူပိုင် KachinNet
Image caption ကချင် ပြည်နယ်မှာ စစ်ပြေး ဒုက္ခသည် ငါးသောင်း ကျော်ထိ ရှိနေလို့ လူ့အခွင့် အရေး အဖွဲ့ ခန့်မှန်း

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည်က ကချင် ပြည်နယ်မှာ ရှိတဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် ငွေကျပ် သိန်းသုံးရာ လှူဒါန်းခဲ့ ပါတယ်။

ကချင်ပြည်နယ်ကNLD အဖွဲ့ချုပ်ဝင် ဦးဖေစိန်နဲ့ အဖွဲ့က မနေ့က စပြီး မြစ်ကြီးနားနဲ့ ဝိုင်မော်ဒေ သတွေကို သွားရောက် လှူဒါန်းခဲ့ပြီး ဗန်းမော် မှာ ရှိတဲ့ ဒုက္ခသည် စ ခန်းတွေ မှာလဲ ဆက်ပြီး လှူဖို့ သွားရောက် နေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော် ဒေသတွေက ဒုက္ခသည် စခန်းပေါင်း နှစ်ဆယ့် ခြောက်ခုနဲ့ ဒုက္ခသည်ပေါင်း ငါးထောင်ကျော်ကို သွားရောက် ငွေလှူခဲ့တဲ့ အကြောင်း ကချင် ပြည်နယ် မိုးညှင်း မြို့နယ် NLD အဖွဲ့ချုပ်ဝင် ပြည်နယ် ဥက္ကဌဟောင်း ဦးဖေစိန်က ဘီဘီ စီကို ပြောပါတယ်။

ကျန်တဲ့ ဗန်းမော်က ဒုက္ခသည်တွေကို မနက်ဖြန် ဆက်လက် လှူဒါန်း သွားမယ်လို့ပြော ပါတယ်။

ဒုက္ခသည် စခန်းတွေကိုတော့ လွတ်လပ်စွာ သွားလာခွင့် ရခဲ့ပြီး စေတနာ့ ဝန်ထမ်း ကျန်း မာရေး အဖွဲ့တွေလည်း တွေခဲ့ ရတယ်လို့ သူက ပြောပါတယ်။

ဘာသာရေးနဲ့ လူမှုအသင်းတွေ၊ နာရေး ကူညီရေး အဖွဲတွေ လှူဒါန်းတာ တွေ့ရပြီး တခြား အသင်း အဖွဲ့တွေ လာလှူတာ မတွေ့ ရဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေ စားသောက်နေတာ တွေ့ရပြီးနောက် လှူဒါန်းခွင့် ရတဲ့အတွက် ဝမ်းသာ ဝမ်းနည်း ဖြစ်ရတယ်လို့ မြစ်ကြီးနား ဟိုပင်မြို့နယ် NLD အဖွဲ့ချုပ်ဝင် ဦးကျော်ငြိမ်းက ဘီဘီစီကို ပြောပြ ပါတယ်။

ခုချိန် စစ်ပွဲတွေ တရားဝင် ရပ်စဲတာ မရှိသေးတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ တိုးလာ နေမှာ ဖြစ်တဲ့အပြင် အကူ အညီတွေလည်း လိုနေမှာဘဲလို့ ဦးကျော်ငြိမ်းက ပြောပါတယ်။

မနက်ဖန် ဗန်းမော်မှာ လှူပြီးနောက် ကားလမ်း ပေါက်တဲ့ နေရာအထိ သွားရောက် ကူညီ မယ်လို့ သိရပါတယ်။