အကျဉ်းသား တွေ သန့်ရှင်းလို့ ကျန်းမာရေးလည်း ကောင်းနေလို့ ဆို

insein prison ဓာတ်ပုံ မူပိုင် AFP
Image caption နံမည်ဆိုးနဲ့ ကျော်တဲ့ အင်းစိန် ထောင်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က အကျဉ်းထောင် ထဲမှာ သန့်ရှင်းမှု ရှိပြီး အကျဉ်းသား တွေ ကျန်းမာရေး ကောင်းမွန်နေတယ် လို့ ပြောပါတယ်။

မြန်မာအစိုးရ က ဖွဲ့စည်းပေးထာတဲ့ အဲဒီ ကော်မရှင် ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် က သူတို့ အင်းစိန် ထောင် ကို သွားရောက် စစ်ဆေး ခဲ့ကြောင်းနဲ့ အကျဉ်းသား အဆောင်တွေ၊ စားဖိုဆောင်တွေ၊ အိမ်သာတွေက လည်း သန့်ရှင်း ပြီး အကျဉ်းသား တွေ ရဲ့ တကိုယ်ရည် သန့်ရှင်းရေး လည်း အထူးကောင်းမွန် တာကို တွေ့ရ တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အကျဉ်းသား တွေ ကို ထောင် ဝန်ထမ်းတွေ က ဆက်ဆံ ပုံ တွေ လည်း ကောင်းမွန် ကြောင်း နဲ့ အကျဉ်းသား တွေ အပေါ် နှိပ်စက် ပြုမူ တာတွေ ရှိခဲ့တယ် ဆိုတဲ့ အထောက် အထား တွေ မတွေ့ခဲ့ရကြောင်းလည်း ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က အတွင်းရေးမှူး ကိုတိတ်နိုင် က ဦးစစ်မြိုင် ပြောဆိုချက် တွေ ကို မယုံတဲ့ အကြောင်း နဲ့ ဒီ ကော်မရှင် ကို ဖွဲ့စည်းပေးတဲ့အစိုးရ နဲ့ ကော်မရှင် မှာ ပါဝင်နေသူ တွေ က ဘယ်သူ တွေ လည်း ဆိုတာ ကို အရင် ဆန်းစစ် ပြီး မှာ သာ သူတို့ ပြောတာ ကို ယုံသင့် တယ်လို့ ဆို ပါတယ်။