ကင်ဂျုံအမ်းကို မြောက်ကိုရီးယား ခေါင်းဆောင် အဖြစ် ကြေညာ

North Korea ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်ဂျုံအမ်းက သူ့ဖခင်ရဲ့ စျာပန ကို ဦးဆောင် ကျင်းပခဲ့

ကွယ်လွန်သူ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် ရဲ့ အငယ်ဆုံး သားဖြစ်သူ ကင်ဂျုံအမ်း ကို မြောက် ကိုရီးယား ရဲ့ ခေါင်းဆောင်သစ် အဖြစ် ပြုံယမ်း မြို့က လူထု ကြီးရဲ့ ရှေ့မှာ ကြေညာခဲ့ ပါတယ်။

ပါတီနဲ့ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်တဲ့ ကင်ဂျုံအီးလ် ရဲ့စျာပန အခန်းအနားကို သားဖြစ်သူ ကင်ဂျုံအမ်း ကဦးဆောင် ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဒီ အခန်းအနား မှာ မြောက် ကိုရီးယား နိုင်ငံတော် သီချင်းကို တီးမှုတ် ပြီး ကွယ်လွန်သူ ကင်ဂျုံအီးလ် ကို ဦးညွှတ် ဂုဏ်ပြု ခဲ့ကြ သလို သူ့အတွက် ဂုဏ်ပြုလွှာ တွေကိုလည်း ဖတ်ကြား ခဲ့တဲ့အပြင် အမြောက်တွေ ပစ်ဖောက် ပြီးတော့လည်း ဂုဏ်ပြု ခဲ့ကြ ပါတယ်။

ဒီ အခန်းအနား မှာဘဲ ကင်ဂျုံအမ်း ကို နိုင်ငံ ခေါင်းဆောင် အဖြစ်ရော၊ စစ်တပ်နဲ့ အာဏာရ အလုပ်သမား ပါတီ ရဲ့ အကြီးအကဲ အဖြစ် ချီးကျူး ဂုဏ်ပြု ခဲ့ကြ ပါတယ်။

သူဟာ သူ့ဖခင် လိုဘဲ တူညီတဲ့ အမူအကျင့် နဲ့ အတွေးအခေါ် ရှိသူ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။