အိန္ဒိယဆွေးနွေးပွဲ မြန်မာပါတီတွေ တက်မယ်

India
Image caption အစည်းဝေးကို JMI အိန္ဒိယ တက္ကသိုလ်နဲ့ Euro-Burma Office တို့က စီစဉ်

တောင်အာရှနဲ့ အရှေ့တောင် အာရှ ဒေသ များကြား ပေါင်းကူး ဆက်ဆံရေး (Bridging South and South East Asia) ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂ရက်ကြာ ဆွေးနွေးပွဲ တရပ်ကို အိန္ဒိယ နိုင်ငံ ဒေလီ မြို့မှာ ဒီကနေ့ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီ အစည်းဝေး ကို မြန်မာ နိုင်ငံက နိုင်ငံရေး ပါတီ ၁၀ ခုကျော် တက်ရောက်မှာ ဖြစ်ပြီး ဒီထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ၊ ချင်း အမျိုးသား ပါတီ၊ အမျိုးသား ဒီမို ကရေစီ အင်အားစု နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ကိုယ်စားလှယ် တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ ဒီမိုကရေစီ စံနစ်ကို မြန်မာ ပါတီတွေက လေ့လာချင်နေ သလို၊ မြန်မာ နိုင်ငံ အခြေအနေ နဲ့ ပတ်သက်လို့ အိန္ဒိယ ဖက်ကလည်း လေ့လာချင် နေပုံ ရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ဖို့ အတွက် ဒေလီ မြို့မှာ ရောက်ရှိ နေတဲ့ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (PNO) က ဗဟိုကော်မီတီဝင် ဦးခွန်မောင်ငွေ က ဘီဘီစီ ကို ပြောပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို ထုတ်ပြန်ထားခြင်း မရှိ သေးဘဲ ဒီကနေ့ အစည်းဝေး စတင်တော့မှ သိရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။