ကင်တားနား အကျဉ်းသား အရေး ဆွေးနွေး

quintana ဓာတ်ပုံ မူပိုင် AP
Image caption ဦးရွှေမန်းနဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စ ဆွေးနွေး

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ဟာ နေပြည်တော်မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ တွေ့ဆုံပြီး နိုင်ငံရေး အကျဉ်းသား ဆက်လွှတ်ပေးဖို့ ရှိမရှိ ဆွေးနွေးခဲ့ပါတယ်။

NLD တင်ပြတဲ့ စာရင်းအတိုင်း လွှတ်ပေးပြီး ဖြစ်ကြောင်း၊ ကျန်သေးတယ်ဆိုရင် NLD ဘက်က ထပ်တင်ပြလာရင် စိစစ် ညှိနှိုင်းပြီး ဆက်လွှတ်ပေး သွားမယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးနဲ့လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိစ္စတွေ ရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတ အကြံပေးတွေနဲ့လည်း မစ္စတာ ကင်တားနား တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကို အင်္ဂါနေ့က စပြီး ၆ ရက်ကြာ သွားရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ သောကြာနေ့မှာ နိုင်ငံရေး ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။