ကျည်ဆံတွေ အစား ပန်းများဝေစေ လှုပ်ရှားမှု

_students_union_burma_ ဓာတ်ပုံ မူပိုင် Burma Students
Image caption ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ

ကျည်ဆံတွေ အစား၊ ပန်းများပွင့်စေ၊ ငါတို့ချစ်တဲ့ မြန်မာပြည် ဆိုတဲ့ ကြေညာချက်ကို Generation Wave မျိုးဆက်သစ် လူငယ်များ၊ အကောင်းဆုံး မြေသြဇာ နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် တို့ ပူးပေါင်းထုတ်ဝေ လိုက်ပါတယ်။

ကနေ့ ကျရောက်တဲ့ ပြည်ထောင်စု နေ့ ကစလို့ ဗိုလ်ချုပ်မွေးနေ့၊ ချစ်သူများနေ့ အထိ ၃ ရက်တိုင် ပြည်သူတွေ နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မယ် လို့ ဆိုလို့ ပြည်သူတွေ ရော အသင့် ဖြစ်နေ ပြီလား လို့ Generation Wave မှ ပြင်ပရေးရာ တာဝန်ခံ ကိုမိုးသွေး ကို မေးကြည့်ရာမှာ ပြည်သူလူထု ရဲ့ တောင့်တမှု အရ ထာဝရ ငြိမ်းချမ်းရေး ရဖို့ ပြည်ထောင်စု နေ့ က စပြီး နှင်းဆီပန်း အဖြူရောင် တွေ ဝေငှ မယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ခေတ် အဆက်ဆက်မှာ နိုင်ငံတွင်း ပဋိပက္ခ တွေ ကြောင့် ကျည်ဆံ တွေ သုံးစွဲကြတဲ့ စစ်ပွဲတွေ နေရာယူခဲ့လို့ မြန်မာနိုင်ငံ ဟာ ခေတ်နောက်ကျ ကျန်ခဲ့ရပုံ၊ ဒါကြောင့် ကျည်ဆံ တွေ အစား၊ ပန်းပွင့်တွေ နဲ့ ဝေနေအောင်၊ ပြည်သူနဲ့ လက်တွဲပြီး လှုံ့ဆော်ပွဲ ပြုမယ့် အကြောင်း ရှင်းပြပါတယ်။

တချို့က ကိုယ့်ဒေသ ငြိမ်းချမ်းပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အရ စစ်ဘေးဒဏ် ခံနေရတာတွေ ရှိနေဆဲ မို့ ပြည်ထောင်စု ကြီး၊ တခုလုံး ငြိမ်းချမ်းရေး ရစေဖို့ ပြည်သူ့ အကူအညီ နဲ့ တည်ဆောက်ယူ မယ်လို့ ကိုမိုးသွေး က ပြောပြပါတယ်။