ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်ခံရ

assk ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခွင့် ကန့်ကွက်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ယှဉ်ပြိုင်ခွင့်ကို ပြိုင်ဘက်တဦးက ကန့်ကွက်လာတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုပါတယ်။

မြန်မာ ရွေးကောက်ပွဲ ဥပဒေ အရ ပြည်ပ အထောက်အပံ့ နဲ့ ပိုင်ဆိုင်မှု ရယူ ခံစားခွင့် ရှိသူများကို ယှဉ်ပြိုင်ခွင့် မပြုပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဟာ ဗြိတိန်မှာ နေထိုင်တာပါ။ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းကတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့ ဆိုပါတယ်။

ကန့်ကွက်ချက်ကို တိုင်း ရွေးကောက်ပွဲ ကော်မရှင်က စီရင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးက ဝင်အရွေးခံမယ့် ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီက ဦးတင်ရီက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။