ပြည်နယ်အခြေ မထူးသေး

refugee ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင်မှာ လူ ၇ သောင်းကျော် စစ်ပြေး နေရ

လူ့အခွင့်အရေး စောင့်ကြည့် HRW အဖွဲ့က မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန ပညာရှင် ဒေးဗစ် မက်သီဆင် ရန်ကုန်ကို မကြာခင်က သွားခဲ့ပါတယ်။

ဆယ်နှစ်တွင်း ပထမဆုံး အကြိမ် ပြန်သွား တဲ့အခါ ကချင် ပြည်နယ်မှာ လူ ၇ သောင်းကျော် စစ်ပြေး နေရတာလို အခွင့်အရေး ချိုးဖောက် မှုတွေ အကြောင်း ပွင့်ပွင့် လင်းလင်း ဆွေးနွေး နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း မြန်မာ စစ်တပ်ဟာ အရင် အနှစ် ၆၀ မှာ ကျူးလွန်ခဲ့တဲ့ လိင်အရ အကြမ်းဖက်မှု၊ အရပ်သားတွေကို သတ်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းမှုတို့လို အမှုတွေ ပြည်နယ်တွေမှာ ဆက်ကျူးလွန် နေဆဲလို့ မစ္စတာ မက်သီဆင်က ပြောပါတယ်။

ဝါရှင်တန်က ဝီလ်ဆင် သုတေသန စင်တာမှာ ပြောကြားခဲ့ တာပါ။

မြန်မာ စစ်တပ်ရဲ့ အမူအကျင့်တွေ လုံးဝ စွန့်မှာ မဟုတ်ဘူး ဆိုတာ သတိထား စရာပါလို့ မစ္စတာ မက်သီဆင်က သုံးသပ် ထားပါတယ်။