အဖမ်းခံ ကချင်တိုင်းရင်းသား အမှု

soldier ဓာတ်ပုံ မူပိုင် burmese
Image caption ကင်းလှည့် စစ်သားများ

ကချင်ပြည်နယ်မှာ အစိုးရ စစ်တပ်က ဖမ်းဆီး ထားတယ် ဆိုတဲ့ ဒေသခံ ကချင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တဦး အရေးနဲ့ ပတ်သက်လို့ တရားဥပဒေနဲ့ ညီအောင် တရားလွှတ်တော်ချုပ်မှာ ရှေ့တော်သွင်း စာချွန်လွှာ တင်သွင်းရာမှာ ဒီအမှုကို ကြားနာသင့် မသင့် နှစ်ဘက် လျှောက်လဲချက်တွေ ကြားနာခဲ့ ပါတယ်။

ကချင်အမျိုးသား ဦးဘရန်ဆိုင်းနဲ့ ဦးဇော်ဆိုင်း တို့ကို တလောကြီး ကျေးရွာ မှာ စစ်တပ်က လွန်ခဲ့တဲ့ တလက ဖမ်းဆီးခဲ့ပြီး ကချင် အမျိုး သမီး စွန်လွှတ်ရယ်ဂျာ ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ခန့်က ပြောင်းခူး အသွားမှာ စစ်တပ်ရဲ့ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးဘရန်ဆိုင်းနဲ့ ဦးဇော်ဆိုင်းတို့ အမှုအပေါ် လျှောက်လဲ ချက်တွေနဲ့ ပတ်သက်လို့ သူတို့ဖက် က ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမာခါးက ဦးဘရန်ဆိုင်း ဆိုရင် ကျေးရွာ ရာအိမ်မှူး ဖြစ်သလို ဦးဇော်ဆိုင်း ဟာလည်း အိမ်ထောင်ဦးစီးသာ ဖြစ်ကြောင်း တရားရုံးမှာ လွှတ်မိန့် ချပေးဖို့ လျှောက်လဲ ခဲ့ပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီအခါမှာ စစ်တပ်က လုံခြုံရေး အရ ဖမ်းထားတယ်လို့ ချေပလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁ ခ အရ တရားရုံး ရဲ့ ခွင့်ပြုချက် မရပဲ မည်သူ့ ကိုမှ ၂၄ နာရီ ထက် ပိုပြီး ချုပ်ထားခွင့် မရှိ ဆိုတာ ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း ဦးမာခါး က တရားရုံး မှာ ထောက်ပြခဲ့ ပါတယ်။

ဒေါ်စွန်လွှတ်ရယ်ဂျာ ဆိုရင် ခင်ပွန်းဖြစ်သူက ကချင်ပြည်နယ် ဝန်ကြီးချုပ် ထံ အသနားခံစာ တင်ပြီး ဖြစ်ပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်ကြားမှု တစုံတရာ မရှိ၊ မီဒီယာ ကသာ ဒီသတင်း ကြားရကြောင်း နောက်ပိုင်းမှ ခုံရုံးမှာ စစ်ဆေးမယ် လို့ ပြောပုံကို ဦးမာခါး က ဘီဘီစီ ကို ရှင်းပြပါတယ်။