လှိုင်သာယာအလုပ်သမားများအတွက် အမိန့်ချ

WORKERS ဓာတ်ပုံ မူပိုင် photo ThanToeAg

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ (၃)ရှိ တိုင်ရီ ဖိနပ်ချုပ် စက်ရုံ အလုပ်သမား တွေဟာ လစာငွေ တိုးရဖို့ မရမ်းကုန်း မြို့နယ်ရှိ ဝါနိစ္စ ပဋိပက္ခ ခုံရုံးကို တိုင်ကြားခဲ့ရာမှာ ခုံရုံးက ကြာသ ပတေးနေ့မှာ အမိန့်ချလိုက်ပါပြီ။

အဲဒီ ဆုံးဖြတ်ချက် အမိန့်မှာ အလုပ်သမား တွေအတွက် လစာ ၅ သောင်း တထောင်ပေးဖို့ ဆုံးဖြတ် ပေးခဲ့တယ်လို့ အလုပ်သမား ကိုယ်စား လှယ်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒီလစာဟာ အရင်ရရှိခဲ့တဲ့ လစာနဲ့ သိပ်မကွာသလို အလုပ်သမားတွေ နှစ်ဆ တိုးတောင်းထားတဲ့ လုပ်ခလစာ ၈ သောင်းနဲ့စာရင် အများကြီး ကွာဟနေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေက ကျေနပ်မှု မရှိလို့ ဥပဒေအရ ဆက်လက် တောင်းဆို ဆောင်ရွက် သွားမယ်လို့ အလုပ်သမား တွေရဲ့ ဥပဒေ အတိုင်ပင်ခံ ရှေ့နေ ကိုဖိုးဖြူက ဘီဘီစီကို ပြောပါတယ်။

တိုင်ရီ ဖိနပ်စက်ရုံဟာ အလုပ်ပိတ်ရက် တွေအတွက် အလုပ်သမားတွေဆီက ငွေဖြတ် တောက်တဲ့ အတွက် အလုပ်သမားတွေက ဖေဖော်ဝါရီ ၆ ရက် နေ့က စတင်ပြီး သတင်း ၂ ပတ် ကျော်ကြာ ဆန္ဒပြခဲ့ကြပါတယ်။

နာရီကြေး(၇၅) ကျပ်ကို (၁၅၀) တိုးပေဖို့ ရက်မှန်ကြေး (၆၀၀၀) ကို (၈၀၀၀) ပေးဖို့ တောင်းဆို ခဲ့ကြ ပါတယ်။

အလုပ်ရှင်ဘက်က နာရီကြေးကို (၁၀၀) ပေးပြီး ရက်မှန်ကြေးကို (၁၀၀၀) တိုးပေးခဲ့ တာကြောင့် တချို့ အလုပ်သမား တွေကတော့ အလုပ် ပြန်ဆင်းနေကြ ပေမယ့် အလုပ်သမား (၁၈၀၀) နီးပါးကတော့ သူတို့ရဲ့ တောင်းဆိုမှုတွေ မရမချင်း အလုပ်မဆင်းပဲ ဆက်လက် တောင်းဆိုသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။