လူရွှင်တော် ဇာဂနာ နိုင်ငံတကာပွဲမှာ ဖျော်ဖြေ

ဇာဂနာ ဓာတ်ပုံ မူပိုင် Reuters
Image caption လူရွှင်တော် ဇာဂနာ ဟာ ထောင်က လွတ်ပြီး လပိုင်း အကြာမှာ ပြည်ပ ခရီးထွက်ခဲ့ တာပါ

အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ တနင်္ဂနွေ နေ့က ကျင်းပတဲ့ Amnesty International နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ နှစ် ၅၀ အထိမ်း အမှတ် Secret Policeman’s Ball ဆိုတဲ့ ရန်ပုံငွေ ပွဲမှာ ကမ္ဘာကျော် ဟာသ ပညာရှင် ၃၀ နဲ့ အတူ မြန်မာ နိုင်ငံက လူရွှင်တော် ကိုဇာဂနာ လည်း ပါဝင် ဖျော်ဖြေခဲ့ ပါတယ်။

ဒီပွဲမှာ ပါဝင် ဖျော်ဖြေ ရတဲ့ အတွက် ဝမ်းသာ ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

ကိုဇာဂနာက မြန်မာ နိုင်ငံ အတွက် ပညာရေး အပါ အဝင် နိုင်ငံ တကာ အကူအညီတွေ ရနိုင်ရေး နဲ့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး ကိစ္စတွေ အတွက် အဓိက ဦးတည်ချက် ထားပြီး ပြည်ပ ခရီး ထွက်ခဲ့တာ လို့ ဆိုပါတယ်။

ပြည်ပမှာ သူနဲ့ အတူဖျော်ဖြေ ခဲ့ကြတဲ့ John Stewart နဲ့ Stephen Cooper တို့လို ကမ္ဘာကျော် ဟာသ အနုပညာရှင် တွေဟာလည်း အစိုးရ တွေရဲ့ ကမောက်ကမ အခြေအနေ ကို နိုင်ငံရေး ပျက်လုံးတွေနဲ့ သရော် နေပေမယ့် သူ့တို့ နိုင်ငံရဲ့ အခြေခံ ဥပဒေအရ အကာအကွယ် ပေးထားတာမို့ မြန်မာပြည် မှာလည်း အလားတူ အကာအကွယ် ပေးသင့်တယ် လို့ သူက ပြောပါတယ်။

သူဟာ တိုင်းပြည်ကို ချစ်တဲ့သူ တဦးအနေနဲ့ အနုပညာ စွက်သော နိုင်ငံရေး ကိုဆက်လုပ်မယ်လို့ ဆိုပါတယ်။ ကိုဇာဂနာကို အန်အယ်ဒီပါတီ ဝင်အနေနဲ့ ရပ်တည်ဖို့ အစီအစဉ် ရှိမရှိ မေးရာမှာတော့ အဲဒီလို ရပ်တည်ဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ဖြေခဲ့ပါတယ်။

ကိုဇာဂနာ ဟာ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲ တော်မှာ ဆုရခဲ့တဲ့ ကားတွေကို ကနေဒါနိုင်ငံတိုရွန်တိုမြို့မှာ စနေနေ့က ပြသခဲ့တဲ့ပွဲမှာလည်းသူ့ရဲ့ထောင်တွင်း အတွေ့အကြုံတွေကိုပြောပြခဲ့ပါသေးတယ်။