ကရင်နီ KNPP နဲ့ အစိုးရ ကြား အပစ်အခတ် ရပ်စဲ

knpp ဓာတ်ပုံ မူပိုင် burmese
Image caption KNPP ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ နဲ့ အစိုးရ ကြား ငြိမ်းချမ်းရေး ဆွေးနွေး

လက်နက်ကိုင် တိုင်းရင်သား အဖွဲ့တဖွဲ့ ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ အကြား အချက် ၃ ချက် ပါတဲ့ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး သဘောတူညီ ချက် ကို ကယား ပြည်နယ် လွိုင်ကော် မြို့ မှာ ဗုဒ္ဓဟူး နေ့ က လက်မှတ် ရေးထိုး လိုက်ပါတယ်။

သဘောတူညီ ချက်တွေ ထဲမှာ ၂ ဘက် စစ်တပ် တွေ အပစ်အခတ် ရပ်စဲ ဖို့ နဲ့ ၂ ဘက်ကြား ဆက်သွယ် နိုင်မယ့် ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ် ဖို့ အချက် တွေ ပါဝင် ပါတယ်။

ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်ရေး အတွက် နောက်တဆင့် ဖြစ်တဲ့ ပြည်ထောင်စု အဆင့် သဘောတူညီမှု ရရှိအောင် နောက်ထပ် ဆွေးနွေးကြဖို့ ကိုလည်း သူတို့ နှစ်ဘက် အကြား သဘောတူ ခဲ့ကြပါတယ်။

အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ KNPP ဘက် က သူတို့ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးခူးရယ် ဦးဆောင်ပြီး မြန်မာ အစိုးရ ဘက် က ပြည်ထောင်စု ဝန်ကြီး ဦး အောင်မင်း ဦးဆောင် ခဲ့ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဖော်ဆာင်မယ် လို့ မြန်မာ အစိုးရ သမ္မတ က ကြေညာထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် နဲ့ လွှတ်တော် အတွင်းမှာ သဘောတူညီချက် အတည်ပြု မယ့် အဆင့် စသဖြင့် အဆင့် ၃ ဆင့် နဲ့ လုပ်ဆောင် သွားမယ် လို့ ဆိုပါတယ်။

အခု အဆင့် ဟာ ပြည်နယ် အဆင့် သဘောတူညီချက် ဖြစ်ပြီး ဒုတိယ အဆင့် မှာတော့ တိုင်းရင်းသား တွေ လိုလားချက် တွေ ကို ဆွေးနွေး နိုင်လိမ့်မယ် လို့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အပါအဝင် အပစ်အခတ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ က မျှော်လင့် နေကြပါတယ်။